{၁၀}U/Z

6.3K 946 305
                                    

Unicode

လက်ပံတစ်ပွင့် ကောက်ခဲ့ဦး (၁၀)

ဆိုင်းသံ၊ ဗုံသံတွေနှင့် ဝေးသည့်နေရာကို သွေးဂုဏ်ရောင်၊ ကောင်းစရစ်နှင့် နက်ရှိုင်းသွင်တို့ သုံးယောက်သား ထွက်လာခဲ့ကြသည်။ ပြဇာတ်မပြီးသေးသော်ငြား ဆက်ကြည့်ကြဖို့ သူတို့ သုံးယောက်လုံး စိတ်ပါဟန် မတူတော့ချေ။ ရဋ္ဌံဘုရားပွဲဈေးလမ်းကနေ ထွက်လာပြီး မနီးမဝေး ခပ်လှမ်းလှမ်းမှာ ရှိနေသည့် နောက်ထပ်ဘုရားတစ်ဆူရှိရာသို့ ရောက်လာကြ၏။ အာလောကောဘုရားဟု နာမည်ထွင်းထားသော ကျောက်ပြားတိုင်ကြီးနှင့်အတူ ကျောက်များဖြင့် တည်ထားသော ဘုရားစေတီက ထုမကြီးပေမဲ့လည်း ထူးခြားသည့် ဟန်ပန်ရှိလေသည်။ ကမူကုန်းပေါ်မှာ တည်ထားသည့် ဘုရားရင်ပြင်ပေါ်သို့ရောက်ဖို့ စီထားပေးသည့် ကျောက်လှေကားဖြင့် တက်ရကာ ရင်ပြင်ပေါ်သို့ရောက်တော့ လေအေးများတိုက်လာ၍လားတော့မသိ ခပ်စိမ့်စိမ့်လေးရှိကာ နေလို့ကောင်းလှသည်။ ဘေး၌ ထိုင်ခုံဟူ၍မရှိသည့်တိုင် ဘေးတွင် ကာရံထားသည့် စောင်းတန်း တံတိုင်းနံရံထူတွေပေါ်တွင်တော့ စိတ်ဖြောင့်လက်ဖြောင့် ထိုင်လို့ရသည်ပင်။

‌”ကိုကောင်းစရစ် သက်သာရဲ့လား”

ကောင်းစရစ် အုတ်တံတိုင်းပေါ်တွင် ထိုင်ချလိုက်တော့ နက်ရှိုင်းသွင်က အလေးအနက်ထားကာ မေးလာလေသည်။ ဘုရားပေါ်တွင် ဆင်ထားသည့် မီးတွေကြောင့် မိုးတိုးမတ်တတ် ရပ်နေသည့် လူနှစ်ယောက်၏ မျက်နှာကို ကောင်းစွာ မြင်နေရ၏။ စိုးရိမ်နေသည့်ဟန် မပျောက်သေးသည့် မျက်လုံးတွေနှင့် နက်ရှိုင်းသွင်၊ သူ့ကို နက်နက်နဲနဲစိုက်ကြည့်နေပေမဲ့ ဖတ်မရသည့် မျက်လုံးတွေနှင့် သွေးဂုဏ်ရောင်။

“သက်သာပါပြီ”

“အရင်ကလည်း ဒီလို panic attack မျိုး ဖြစ်ဖူးတာလား”

ကောင်းစရစ် ဖြေရကျပ်သွားသည်။ မဖြစ်ဖူးဘူးဆိုလျှင် အဖြေရှာကြလိမ့်မည်၊ ဖြစ်ဖူးတယ်ဆိုလျှင် အကြောင်းအရင်းကို မေးခံရလိမ့်မည်။ ထို့ကြောင့် စကားလမ်းကြောင်းပြောင်းလိုက်ဖို့ကသာ အသင့်တော်ဆုံးပင်။

လက်ပံတစ်ပွင့် ကောက်ခဲ့ဦး[ခေတ္တရပ်နား]Où les histoires vivent. Découvrez maintenant