{၁၂}U/Z

6.5K 784 141
                                    

Unicode
လက်ပံတစ်ပွင့် ကောက်ခဲ့ဦး (၁၂)

တပို့တွဲလဖြစ်သည့်အတွက် ချမ်းစိမ့်စိမ့်ကလေးရှိလှကာ မကြာခင် တပေါင်းနွေဦးအကူးသို့ ပြောင်းစပြုလာလျှင်တော့ အအေးပေါ့၍ အနွေးဓာတ်အသစ်လေးတွေကို စတင်ရလာလိမ့်မည်ပင်။
ယခုမူတော့ ဆောင်းဓာတ်များက ဝေ့သီလို့နေသေးကာ နေ့တာတို၍ ညတာရှည်သည့်အခိုက်နှင့် ကြုံနေရတုန်းပင်။ ထို့ကြောင့်ပါပဲ မယ်ဒါ တစ်ယောက် အာရုဏ်တက်ချိန်ကို ကျော်လွန်၍ အိပ်ပျော်သွားလေရာ လင်းအားကြီးသည့်အချိန်တွင်မှ ဆတ်ခနဲပြန်နိုးလာပြီး ထမင်းတည်ဖို့ မီးဖိုထဲတွင် ဖုတ်ပူမီးတိုက် မီးမွှေးနေရလေသည်။

သည်လိုမနက်ခင်းဆိုလျှင်တော့ ကြီးမားသည့် အိမ်ခြံကြီးထဲတွင် မယ်ဒါ တစ်ယောက်တည်း နေရတာ စိတ်မလုံလှပေ၊ အနှီ သစ်လုံးခြေတံရှည်နေအိမ်မှာ ကျွမ်းကျင်လှသည့်လက်သမားတွေနှင့် တည်ဆောက်ထားမှန်း သိသာလှသည်။ မြေစိုက်လှေကားကနေ ခုနစ်ထစ်လောက်တက်ရုံဖြင့် နောက်ထပ်လှေကားတစ်ဆစ်ကို ဘယ်ဘက်တွင် ထပ်ချိုးထားပြီး အပေါ်ထပ် အိပ်ခန်းများရှိရာကိုတော့ တန်းတန်းမတ်မတ်နှင့် ကျန်လှေကားအဆင့်များဖြင့် တက်သွားရုံပင်။ ပထမ လှေကားထစ်ချိုးကနေတော့ ညာဘက်တွင်ကျယ်ပြန့်သည့် ကြမ်းခင်းကြီးခင်းထားပြီး စိတ်အေးလက်အေး ရေနွေးကြမ်းထိုင်သောက်လို့ ရသည့် နေရာထိုင်ခင်း ဖွဲ့တည်ထားတာပင်။ ထိုကြမ်းခင်းအဆုံးအနောက်ဘက်တွင်တော့ အိပ်ဆောင်အခန်းအနည်းငယ်နှင့် ကျယ်ဝန်းလှသည့် မီးဖိုဆောင်ကို သီးသန့် ထုတ်ဆောက်ထားတာတာကြောင့် ထိုမီးဖိုဆောင်ကနေ ထွက်လိုက်လျှင် ရိက္ခာစုထားသည့် ကျီတွေကို တန်းသွားလို့ရလေသည်။

အိမ်ကပဲ ဘုံနှစ်ဆင့်ခေါင်မိုးနှင့် ခမ်းနားနေသည်မဟုတ်၊ ခြံကလည်း ကျယ်ကာ လတာမြို့၏ တသီးတသန့် နေရာတွင်ရှိတာကြောင့် ဈေးသွားသူတို့ တော်ရုံနှင့် ချက်ချင်းပြန် မလာနိုင်ခြင်းပင်။ ဘေးပတ်ဝန်းကျင်တွင် နေအိမ်ထက် သစ်ပင်တွေကပိုများလေကာ သူတို့၏ သူဌေးလေး လောဟိတံက  လှည်းမောင်းသူ ဦးရီးဆွေကို ခေါ်သွားသည့်အချိန်တွင် မယ်ဒါအတွက်တော့ ကျန်ခဲ့သည့် မောင်ခက်နှင့်အတူ အရွက်တွေကို ကြိမ်ဖန်များစွာ လှဲထုတ်ကူရခြင်းမှာ မသက်သာလှပေ။ ယခုမူတော့ မောင်ခက်ကလည်း အရီးကို ဈေးဘက်သို့ လှည်းမောင်းပို့လေသည်မလို့ အိမ်တွင် မယ်ဒါတစ်ယောက်သာ ကျန်ခဲ့လေသည်။

လက်ပံတစ်ပွင့် ကောက်ခဲ့ဦး[ခေတ္တရပ်နား]Where stories live. Discover now