117:ခွေးနတ်ဆိုးနဲ့ battle

Start from the beginning
                                    

တစ်ဖက်တွင်တော့ စောင့်ဆိုင်းဧရိယာရှိ လွမ်းမောဖွယ်ချစ်ခြင်းအသင်းကို host မှမေးခွန်းတစ်ခုမေးခဲ့လေသည်။

"အခုဆိုရင်ပေါ့နော် အဖွဲ့အစည်းကဖွင့်ပေးထားတဲ့voting platform မှာရှိတဲ့မဲအရေအတွက် ဟာဂင်ဒတ်စ်အသင်းထက် 2ဆများနေတာကိုတွေ့ခဲ့ရတယ် အသင်းခေါင်းဆောင်အနေနဲ့ ဘာများပြောချင် ပါလဲခင်မျာ?"

မီးရဲ့ မျက်နှာအမူအရာကလုံးဝမပြောင်းလဲဘဲ

"အားလုံးပဲ ကျေးဇူးတင်ပါတယ် ကျွန်တော်တို့နိုင် မှာပါ"

၎င်းသည် ဟာဂင်ဒစ် ၏ကြွေးကြော်သံမှပြသခဲ့သော ပြင်းထန်သောအရှိန်အဟုန်နှင့်မတူဘဲ ရိုးရှင်းသောတုံ့ပြန်မှုတစ်ခုသာဖြစ်သည်။ သို့သော်လည်း အမှန်အတိုင်းပြောရရင်တော့သူ့အသံမှာမာန်ပါလှပါ၏။

မီး ၏ပရိသတ်များသည် သူ့အသံကိုကြားလိုက်ရသောအခါ comment boxတွေပလူပျံရုံသာမကလွမ်းမောဖွယ်ချစ်ခြင်းအသင်း အတွက် မဲအရေအတွက်များလည်းလျင်မြန်စွာ ထပ်မံထွက်ပေါ်လာခဲ့သည်။

မွန်းလွဲ1နာရီ 50 တွင် တရားဝင်အဖွဲ့အစည်းမှ ပထမပွဲအတွက် ကစားသမားများအား ကွင်းထဲသို့ဝင်ဖို့ ပြင်ဆင်ရန်အကြောင်းကြားလာခဲ့သည်။

host သည် ကင်မရာအား နှစ်ဖက်စလုံး၏ စောင့်ဆိုင်းဧရိယာသို့ တစ်ဖန်ပြောင်းကာဖြင့် ကွင်းအတွင်းသို့ ဝင်ရောက်လာသော ကစားသမားများအား ထုတ်လွှင့်ပြသခဲ့လေသည်။

ဟာဂင်ဒတ်စ် အဖွဲ့၏ ပထမဆုံးတိုက်ခိုက်မည့်ကစားသမားမှာ သေချာပေါက်ပင် fairy pet များကြားတွင် ထိပ်ဆုံးအဆင့် 1 သတ်မှတ်ခံထားရသော ခွေးနတ်ဆိုး ဖြစ်ပြီး ယခုအခါ သူတို့သည် လွမ်းမောဖွယ်ချစ်ခြင်းအသင်းမှ အားကျင့်လား ရှူကျီးကျာ့လန်လားဆိုတာကိုစောင့်ကြည့်ရုံသာဖြစ်သည်။

စောင့်ဆိုင်းဧရိယာတွင်တော့ လွမ်းမောဖွယ်ချစ်ခြင်းအသင်းမှ အသင်းသားများက အားကျင့်ကိုဝန်းရံထားကာတစ်ခုခုပြောနေပုံရလေသည် ပရိသတ် များရဲ့ နှလုံးသားတွေတင်းကြပ်သွားရတော့၏။သူတို့အားကျင့်ကိုထပ်ပို့မှာလား?

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now