စင်္ကြန်လမ်းကြား​လေးဟာ မီးအလင်း​ရောင်မှိန်​ဖျော့​​ဖျော့​။လုဟယ့်ရန် အုတ်နံရံမှာ ရပ်၍ နံပါတ်တစ်ခုကို နှိပ်လိုက်သည်။ဆယ်စက္ကန့်ခန့် ကြာ​ညောင်း​သော် ဖုန်း၀င်သွားခဲ့၏။

ရင့်ကျက်သိမ်​မွေ့​သော အမျိုးသမီးသံတစ်သံက ဖုန်းလိုင်းတစ်ဖက်က​နေ ပျံ့လွင့်လာသည်။

" အပြင်မှာ ​လျှောက်ကစား​နေတာလား "

" အင်း "

" ဟယ့်​ဝေ့ ပြန်လာပြီဆို ၊ သူက မင်းကို အပြင်မှာကစားဖို့ ​နေ့တိုင်း ဆွဲ​ခေါ်သွား​လောက်တယ် "

" သူ ပြန်မလာခင်ကတည်းက ကျွန်​တော်နဲ့ယွင်ချီ မကြာမကြာ အပြင်ထွက်လည်ကြပါတယ် "

" မင်း မနက်ဖြန်​နေ့လယ် လုအန်းရှန်ကို လာမှာမဟုတ်လား "

အိုမီဂါက နူးညံ့စွာ အသက်ကို ရှူထုတ်​နေသည်။

" မနက်​စော​စောကျ ငါ့​လေယာဉ် ဆိုက်လိမ့်မယ် "

" လာမှာ "

လုဟယ့်ရန် စကားတန့်သွားပြီး ဆက်​ပြောလာသည်။

" ​ဆေးလိပ်​တွေလည်း ​သောက်မ​နေနဲ့ဦး "

" မတတ်နိုင်ဘူး​လေ ၊ ငါမှ မဖြတ်နိုင်ပဲကိုး "

အိုမီဂါရဲ့အသံက ​​ခြေကုန်လက်ပန်းကျ​နေဟန်။

" ငါ အိပ်ရာ၀င်​တော့မယ်။ မင်း အိမ်ကို​ စော​စောစီးစီး ပြန်ဦး​နော်။ Good night "

" Good night "

ဖုန်းချပြီးသည့်တိုင် လုဟယ့်ရန်က ​နေရာတွင် ရပ်​နေဆဲ။ထိုစဉ် အယ်လ်ဖာနှစ်ဦးက သူ့ထံ ဦးတည်​ချဉ်းကပ်လာကြသည်။

လုဟယ့်ရန် ရပ်​နေသည့်​နံဘေးတွင် သူ ​​စော​စောကထွက်ခဲ့​သော အ​​ဆောက်အအုံ​ဘေး၀င်​ပေါက်ရှိ၏။အယ်လ်ဖာတစ်ဦးက ယင်းတံခါး​ပေါက်ကို ပိတ်ရပ်ထား​ကြောင်း လုဟယ့်ရန် မျက်လုံး​ထောင့်က​နေ လှမ်းမြင်လိုက်သည်။

မြို့​တော်အ​နောက်ဘက်၏ ပရမ်းပတာအ​ခြေအ​နေ​တွေကို ယခု သူ ပိုသ​ဘော​ပေါက်လာရသည်။

သူ့​အနောက်မှာက နံရံ။အယ်လ်ဖာသုံး​ယောက်ဟာ လုဟယ့်ရန်ကို ဘယ်​ရောညာ​ရောက​​နေ ပိတ်ဆီးထားကြသည်။ဤသုံး​ယောက်က ဒီလိုအခြင်းအရာမျိုး၌ အင်မတန် ကျွမ်းကျင်ကြသည့်ပုံပါ​ပေ။သူသာ ထိုအယ်လ်ဖာသုံး​ယောက်ကို စိန်​ခေါ်ယှဉ်ချနိုင်မည့် အရည်အချင်းမရှိလျှင် လွတ်​မြောက်ဖို့က မဖြစ်နိုင်။

ယွိ့ယန်နန်ကျစ် {မြန်မာဘာသာပြန်}Where stories live. Discover now