၄၈

493 84 5
                                    

人鱼陷落
REN YU XIAN LUO


UNICODE



အပြည်ပြည်ဆိုင်ရာ Omega မဟာမိတ်ဌာနချုပ်အဆောက်အဦသည် ယာချုံမြို့လယ်ကောင်တွင်တည်ရှိပြီး မဟာမိတ်၏အေးဂျင့်လေ့ကျင့်ရေးစခန်းသစ်သည်ကား ကမ်းရိုးတန်းမှကီလိုမီတာငါးဆယ်အကွာ ယာချုံကျွန်းတွင်တည်ဆောက်ထားပေသည်။ ဘေးပတ်ပတ်လည်က ပင်လယ်ဝန်းရံလို့ လစဉ်လကုန်ခါနီးတွင် ရိက္ခာများ ပို့ဆောင်ရန် ရောက်လာသော ကုန်တင်သင်္ဘောများကိုမြင်ရသည်ကလွဲ၍ ကမ္ဘာခြားနေသလိုမျိုးပါပင်။

Omegaတို့အား အမဲလိုက်ခြင်းဆန့်ကျင်ရေးမဟာမိတ်အား လွန်ခဲ့သော (၁၅)နှစ်က PBBအေးဂျင့်ဖြစ်သူ ယန်ယိနှင့် နိုင်ငံအသီးသီးမှ အဆင့်မြင့် Omega အသင်းအဖွဲ့များမှ တည်ထောင်ခဲ့ပေသည်။ လက်ရှိအမည်ကတော့ 'အပြည်ပြည်ဆိုင်ရာOmegaမဟာမိတ်' ဖြစ်၏။ မူလရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝှမ်းရှိ Omegaများ၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုနှင့် ဂုဏ်သိက္ခာကို ကာကွယ်ရန်ဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ အလွန်အဆင့်မြင့်Omegaများ ပိုများလာခဲ့လျက်။ ၎င်း၏ အံ့သြဖွယ် ပေါင်းစည်းမှုသည်ကား အဖွဲ့အစည်းသည် ဆယ့်ငါးနှစ်တာ ကာလတိုအတွင်းမှာပဲ လျင်မြန်စွာဖြင့် ကမ္ဘာ့ပြောရေးဆိုခွင့်အာဏာကိုရရှိခဲ့ပေသည်။

တစ်ချိန်တည်းမှာပင် မဟာမိတ်အဖွဲ့၏ အာဏာကို အရှိန်အဟုန်ဖြင့် ချဲ့ထွင်လိုက်ခြင်းဖြင့် လိင်အမျိုးအစားသုံးမျိုးကြားတွင် Omega၏အဆင့်အတန်းသည် တိုးမြင့်လာခဲ့တော့သည်။ 'မျိုးပွားစက်' ၊ 'ပန်းအိုး' ၊ 'အားနည်းသော အိမ်မွေးတိရစ္ဆာန်လေးများ' ဆိုသည့်အရင်က သမုတ်ကြသည်တို့ကနေလည်း လွတ်မြောက်လာကြ၏။ K017ခုနှစ်တွင် မဟာမိတ်ဆေးဘက်ဆိုင်ရာအဖွဲ့မှ ပါမောက္ခကျုံးချိုင်ဘင်း၏ ဦးဆောင်မှုအောက်တွင် ပထမဆုံး L-type အတားအဆီးကာကွယ်ဆေးကို တီထွင်ထုတ်လုပ်နိုင်ခဲ့၏။ ၎င်းသည် Omega၏ Alphaအပေါ် မှီခိုအားထားမှုကို လုံးဝဖယ်ရှားပစ်ပြီး Omega၏ လွတ်လပ်မှုအတွက် မှတ်တိုင်တစ်ခု ဖြစ်လာခဲ့ပေသည်။

(T/N : ပန်းအိုး - အဆင်းသာရှိပြီး အချင်းမရှိသူ။)

ပြီးခဲ့သော ခြောက်နှစ်တာကာလအတွင်းတွင် မဟာမိတ်အဖွဲ့ဝင်များသည် Omegaအတွက်သာလျှင်ဟုအကန့်အသတ်မထားရှိတော့ဘဲ Alpha နှင့် Betaများပါ ပိုမိုပါဝင်လာကာ အရေးကြီးသောရာထူးများကိုပင် ရရှိထားကြ၏။

ရန်ယွီရှန့်လော့ (ဘာသာပြန်)Where stories live. Discover now