Chapter 3

65 8 0
                                    

အပိုင်း(၃)

အခန်း(၃):ကိုလူချောလေး

ဩဂုတ်လ (၁၀) ရက်နေ့က နေ့ကောင်းနေ့မြတ်ဟုယုံကြည်ကြသည်။
  ဂလိုရီအင်ပါယာ၏ တောင်ဖက် မြို့တော်ဖြစ်သော Pale အင်ပါယာမြို့တော်သည် ပွဲတော်အငွေ့အသက်များဖြင့် သက်ဝင်နေ‌၏။
အမြဲလိုလို  တိတ်ဆိတ်ငြိမ်သက်သော လုအန်း လမ်းကျဉ်းလေး သည် ယနေ့တွင် လူအများဖြင့် ပြည့်ကျပ်နေလေ၏။

ယနေ့သည် ဒုတိယမင်းသား ဖုန်းရွှမ်ကျန်းနှင့် ဗိုလ်ချုပ်၏ တတိယမြောက်သမီးဖြစ်သော ကုဝမ်ချင် တို့၏ မင်္ဂလာပွဲနေ့ဖြစ်သည်။အာဏာရှိချမ်းသာသည့်အသိုင်းဝိုင်းမှ လူများစွာ မင်္ဂလာပွဲသို့ တက်ရောက်လာကြသည်။

သာမန်ပြည်သူလုထူကမူ အနီးကပ်ကြည့်ရှုနိုင်ရန် မျှော်လင့်ရင်းနှင့် ထိုလမ်းကြားထဲသို့ အတင်းတိုးဝင်လာကြသည်။

"မမ‌ လေး ၊ ဒါ မမ လေးရဲ့အိမ်‌တော်လားဟင်
မိုက်နေရော…”

ဗိုလ်ချုပ်၏ အိမ်အပြင်ဘက်တွင် မထင်ရှားသော ဝေါလှည်းယာဉ်တစ်စင်း ရပ်သွားသည်။ တံခါးဝ အစောင့်မှာ  အံ့အားသင့်စွာ ကြောင်ကြည့်နေ၏။

“ဘာကြောင်ကြည့်နေတာလဲ  ဒီမှာ သတို့သမီးလာပြီလေ!  ငါ့မဂ်လာဆောင်ဝတ်စုံသွားယူပေးစမ်း.." 
လအတော်ကြာ လိုက်ရှာခဲ့ရသည့် မမလေးကုပိုင်လုသည် ဗိုလ်ချုပ်အိမ်ရှေ့၌ ရပ်နေလေရဲ့..

သူမရဲ့ အကုသိုလ်ကြီးကို ရှောင်ပြေးရင်းနဲ့တခြားကမ္ဘာတစ်ခုဆီ ကူးပြောင်းရောက်ရှိလာပြီး ဗိုလ်ချုပ်ရဲ့ ပထမ
သမီးဖြစ်တဲ့ ကုမိန်းကလေး ရဲ့ ခန္ဓာကိုယ်ထဲကို ကူးပြောင်းသွားကြောင်း လအနည်းငယ်ကြာမှ သူမ သိခဲ့ရသည်။

ထိုကောင်မလေးမှာ သူမနာမည်နဲ့အတူတူပင်။

သူမ အမေ သေသွားတော့ သူမအဖေကမူ သူ့မကို မနှစ်သက်တော့ပေ။နောက်ဆုံးတွင် သူ့ညီမက သူ့မကို ချောက်ကမ်းပါးပေါ်ကနေ တွန်းချခဲ့သည်။

ဒီနေ့ကား ကုပိုင်လု၏ စေ့စပ်ထားသူ(ဟောင်း)နှင့် သူ့မညီမရဲ့ လက်ထပ်ပွဲနေ့ပင်။
သူမသာ ဒီလိုနေ့မျိုးမှာ ဘာမှမလုပ်ဘဲနေရမယ်ဆို
အရှက်လွန်ပီး သေမိမှာ..

My Devil Boyfriend (Myanmar Translation)Where stories live. Discover now