Chapter 4

64 6 0
                                    

အခန်း(၄)-လူချောလေးရဲ့ အထောက်အပံ့များ

ထိုအမျိုးသားတွင် ပန်းပုရုပ်ထုဆစ်ထားသကဲ့သို့ပင်မျက်လွှာမြင့်တင်လိုက်ရုံဖြင့် အမျိုးသမီးထုကြီးကို နှစ်သက်ကြည်နူးစေလေ၏။

သို့သော်လည်း ထိုသူ၏ မျက်ခုံးတွေဟာ ရှည်လျားလျက် မျက်စံနက်များကမူ ယောင်္ကျားတို့ အဂ်ါရပ်နဲ့ပြည့်စုံနေ၏။

သူ့အရပ်ဟာ ရှည်လျားသော်ငြားလည်း ထိုအကျီအောက်တွင် ကြွက်သားအထုထုကြီးတွေ အများကြီးရှိနေမှန်း လူတိုင်းတပ်အပ်ပြောရဲကြပေလိမ့်မည်။

ထိုသူဟာ မိန်းမဆန်ချောမောသကဲ့ သို့ ယောက်ျားတို့ အဂ်ါရပ်နှင့် ကိုက်ညီစွာ ခန့်ညားလှပေသည်...

'အာ..?ဒါက ငါ့ကို ပေးတဲ့ကူးပြောင်းခြင်းရဲ့ ပထမဆုံးအကျိူးရလဒ်ကြီးများလား?'

"ဟေး အချောလေး မင်းက နောက်ဖြစ်လာမဲ့ငါ့ကောင်လေးနဲ့ တူလိုက်တာကွာ.."နှုတ်မှလွတ်ခနဲ ထွက်သွားလေသည်။

သွားပြီ..ဒီအသုံးအနှုန်းက နောင်နှစ်ပေါင်းထောင်ချီကဟာကြီးလေ..ရှေးခေတ်မှာ အလုပ်ဘယ်ဖြစ်ပါ့မတုံး..

သူမမျှော်လင့်ထားသကဲ့သို့ပင် ထိုသူ၏မျက်လုံးထဲတွင်မနှစ်မြို့ပြီးရွံရှာသော အရိပ်တခုဖြတ်သွား၏။
သူက" ချင်း‌ရှု! သူမရော ထိုင်ခုံရော လွှတ်ပစ်လိုက်"

ကုပိုင်လု တယောက် အစောင့်ကသူမနဲ့ထိုင်ခုံကို လွှတ်ပစ်ခါနီးအထိ ထိုအသုံးနှုန်းကို နောင်တရနေတုံးပင်..
"ဟေး..ကောင်းကောင်းပြောရအောင်လေ..နင်ဒါကဘာလုပ်တာ...အား!!"

သူမစကားပြောမပြီးခင်မှာပင် သူမရော ထိုင်ခုံပါ လွှတ်ပျံသွားလေသည်။

သေစမ်း!!သောက်ရမ်းရိုင်းစိုင်းကြမ်းတမ်းလှတဲ့ ကမ္ဘာကြီးပဲ!!

ထိုင်ခုံကမူ စစ်သူကြီးအိမ်၏အရှေ့ဂိတ်ပေါက်ဆီ လွှတ်ပစ်ခံလိုက်ရကာ တ‌စုံတယောက်ကမူ သတို့သမီးကို သယ်ထုတ်သွားသည်။

လေကြောင့်..သတို့သမီး၏ မျက်နှာအုပ်အနီရောင်အစလေးဟာ လွှင့်သွား‌၏။
ထိုအနီအစလေးကျသွားခဲ့ရင် နမိတ်မကောင်းသည့် သဘောပင်..တစ်စုံတယောက်ကမူ စငိုကြွေးလေ၏..

My Devil Boyfriend (Myanmar Translation)Where stories live. Discover now