114:Final တက်သွားပြီ

Start from the beginning
                                    

ရေသေ: "ကောင်းပြီ အသင်းလိုက်ပွဲမှာနိုင်မှာပါ သွားကြရအောင်။"

"ခဏလေး"

ချင်ယွီက ကိုးခန်းမအရှင်မင်းမြတ်ရဲ့ပုခုံးကို ဖျစ်လိုက်ကာဖြင့်

"မင်းဘာလို့မနားရမှာလဲ? အသင်းလိုက်ပြိုင်ပွဲကိုမပါနဲ့တော့"

သူ့မျက်နှာက ဖြူဖျော့သွားကာ ခေါင်းငုံ၍ဘာမှမပြောတော့ပေ။

ချင်ယွီက အပြုံးလေးနဲ့ရှင်းပြလာခဲ့သည်။

"မင်းနာမည်က ငါ့ရဲ့ ဧကရာဇ်အသင်းနဲ့ တော်တော်ကြီးဆင်တူနေတယ်လေ ငါကမင်းကိုမတော်တဆ မှားသတ်မိမှာစိုးလို့ပါကွာ"

ကိုးခန်းမအရှင်မင်းမြတ်သည် နှလုံးသားမဲ့ရဲ့ ကြင်နာမူကြောင့် ရင်ထဲထိကာ ပြုံးသွားတော့သည်။

ချင်ယွီက ဟဲကျင့်ကိုကြည့်ကာ ဖြင့်

"အားကျင့် မင်းအလှည့်ပဲ"

မီးက ဘာကိုဆိုလိုချင်မှန်း သူတို့နားမလည်ကြဘူး။ အားကျင့်က spirit pet ဖြစ်ပြီး တကယ်လို့မီးက သူ့ကိုပါဝင်စေချင်ရင်တောင် သူ့ကကစားသမားအနေနဲ့အဆင်ပြေမည်မဟုတ်ပေ။အဲ့ဒါကိုဘာလို့မီးက အားကျင့်ကိုပါစေချင်ရတာလဲ?

ရေသေ: "မင်း အားကျင့်ကို ကစားသမားအနေနဲ့ ဝင်တိုက်ခိုက်စေချင်တာလား?"

ချင်ယွီ:"ဟုတ်တယ်"

ဟဲကျင့် လည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားကာ

"ငါ အများကြီး ကူညီနိုင်မယ် မထင်ဘူး"

အကယ်၍ သူသာ Spirit pet ပုံနဲ့ စကေးတွေမသုံးပါက သူ၏တည်ရှိမှုသည် အသုံးမဝင်တော့ပေ။

"အဲ့ဒါကအဆင်ပြေပါတယ် ဖက်ထုပ်လေးကို မင်းနဲ့အတူလိုက်ခိုင်းလိုက်"

ထို့နောက် ချင်ယွီသည် ရေသေလွင့်မြောတိမ်တိုက် နဲ့ ကြိုးကြာရိုင်းတို့ကို ထည့်သွင်းခဲ့သည်။အခုတော့လူငါးယောက်ပြည့်သွားကာ အသင်းလိုက်ပွဲလည်းစတော့မည်ပင်။

လွမ်းမောဖွယ်ချစ်ခြင်းအသင်း က ကစားမယ့် အသင်းဖော်တွေကို ကြေငြာလိုက်တဲ့အခါ ပရိသတ်တွေက ချက်ချင်း စိတ်လှုပ်ရှားလာပြန်တယ်။ Host ဖြစ်သူရှောင်လန်ပင် အနည်းငယ် အံ့သြသွားခဲ့ပြီး

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now