Intro

1K 82 14
                                    

ဒီလိုတိုးတက်နေတဲ့သိပ္ပံခေတ်ကြီးထဲမှာ Vampire တွေတည်ရှိနေတယ်လို့ပြောရင် သင်ယုံကြည်မှာလား?

သင်ယုံယုံ မယုံယုံပါလေ..

တစ်မိုးအောက်ကရုပ်ရှင်ဧကရာဇ်ရှောင်းကတော့ဖြင့် မယုံရေးချမယုံဆိုတဲ့teamကပါပဲ သူကအပိုတွေ မတွေးတောချင်တဲ့သူပီပီပေါ့ သင့်မေးခွန်းကိုအပြတ်အသပ်ငြင်းဆန်ပါလိမ့်မယ်

ဒါပေမယ့် လောကနတ်ဘုရားတွေက သူ့ကိုမျက်နှာသာပေးချင်ပုံမရဘူး

ဒဏ္ဍာရီတွေပုံပြင်တွေကနေဆင်းသက်လာတဲ့ယုံတမ်းတွေကိုမယုံတတ်တဲ့ ဒီလူ့မှာမှ တစ်သက်တာအတွက် ထူးထူးဆန်းဆန်းဘဝအတွေ့အကြုံတွေဖန်တီးပေးလိုက်လေရဲ့..။

ရှောင်းကျန့်  " ဟား! မင်းတို့ကိုယ်မင်းတို့ဘယ်ခေတ် မှာနေတယ်ထင်လို့ Vampire ဆိုတာတွေ အကြောင်းပြောနေကြတာတုန်း? ဟမ်? အဓိပ္ပာယ်မရှိလိုက်တာ!.."

သူ့သားဖြစ်သူ "ဒယ်ဒီ! သားကိုကြည့်ပါအုံး.. ဒီမှာသားရဲ့အစွယ်တွေလှရဲ့လား? ဂါးးး"

ရှောင်းကျန့် "??"

သမီးဖြစ်သူ "ဒယ်ဒီ... မီးမီးနေမကောင်းဘူး နီနီရဲရဲသွေးလတ်လတ်ဆတ်ဆတ်လေးသောက်ချင်တယ်..အဟင့်"

ရှောင်းကျန့် "........."

သူ့ကလေးတွေရဲ့မာမီ "ရာစုနှစ်ပေါင်းထောင်ချီအောင် ခေတ်အဆက်ဆက်မြင့်မြတ်စွာတည်ရှိလာတဲ့ကျုပ်ရဲ့မျိုးနွယ်ကို အဓိပ္ပာယ်မရှိဘူးပြောနေတာ ဘယ်သူလဲ? ခင်ဗျားကျုပ်နဲ့ကွာရှင်းချင်နေတာများလား ရှောင်းကျန့်? ကျုပ်သေမှပဲရမယ်‌နော် ဆုတောင်းနေလိုက်!"

ကိုယ့်ဘဝကိုသံသယဝင်နေမိသူ ရှောင်းကျန့်
"လခွမ်း! မင်းတို့မျိုးနွယ်က သေရောသေလို့လားကွ..."

Vampireတော်ဝင်ကလန်ရဲ့အထွဋ်အမြတ်ဆက်ခံသူလေးဝမ်က ကလေးနှစ်‌ယောက်ကို‌ သားကောင်လိုက်နည်းသင်ကြားပေးရင်းပြန်ပြောလာလေတယ်

"ဟင့်အင်း.. ကျုပ်တို့အတွက်သေခြင်းတရားဆိုတာသိပ်တန်ဖိုးကြီးလွန်းလို့မရနိုင်ကြဘူး.. ကျုပ်တင်မဟုတ်ဘူး ခင်‌ဗျားပါမသေနိုင်တော့ဘူး လောင်ကုန်းရေ..စိတ်မကောင်းပါဘူးနော်"

🍀 iceprincess8513🍀

ဒါလေးက သူငယ်ချင်းရေးတာလေးပါ...သူ့accကပျက်သွားလို့ ကိုယ်ကအစားထိုးတင်ပေးတာပါ

BEING A VAMPIRE's FAMILY OF THE ROYAL CLANDove le storie prendono vita. Scoprilo ora