Part - 11 (waring 🔞)

316 19 4
                                    

(တချို့ စာလုံးတေ uni နဲ့ ပေါင်းလို့မရလို့ ဖြည့်ဖတ်ပေးပါရန်)

ido image ကို ထိခိုက်လိုစိတ် လုံးဝလုံးဝ မရှိပါကြောင်း❗
---------------------------------

ဆောင်ဟွန်းကို မတွေ့လို့ အပြင်ထွက်ကြည့်တော့ ဆောင်ဟွန်းနဲ့ မီနာက မီးပုံနားမှာ စကားပြောနေတယ်။

"နင် ဂျယ်ယွန်းအိုပါးနားက ထွက်သွားပေးစမ်းပါ"

မီနာက ဆောင်ဟွန်း ကို တွန်းလိုက်တယ်။ ဆောင်ဟွန်းကတော့ ဘာမှပြန်မလုပ်ခဲ့ဘူး။

"ဘာလို့လဲ"

"နင်သူ့ကိုကြိုက်နေတာမလား"

"အင်း"

"နင်ငါ့ကို လိမ်လို့လဲ မရပါဘူး ဒါကြောင့်ထွက်သွားပေးစမ်းပါ"

မီနာက နောက်တစ်ကြိမ်ဆောင်ဟွန်း ရင်ဘတ်ကို စောင့်တွန်းပြန်တယ်။

"ဘာလို့လဲ ငါတို့က သူငယ်ချင်းတွေပါ"

"စောက်ပိုတွေပြောမနေနဲ့ ပတ်ဆောင်ဟွန်း နင်သူ့ကိုကြိုက်နေတာ"

"ငါတကယ်ပြောနေတာ"

"နင်...!"

မီနာက ဆောင်ဟွန်းပါးကို ရိုက်ဖို့ရွယ်ပေမဲ့ လက်တစ်စုံရဲ့တားဆီးခြင်းကိုခံလိုက်ရတယ်။ အဲ့ဒီလက်ပိုင်ရှင်ရဲ့အမည်က ရှင်းမ်ဂျယ်ယွန်းတဲ့။

"ဟင် အို...အိုပါး"

"မီနာ ဒါဘာလုပ်တာလဲ!"

ဂျယ်ယွန်းစိတ်တိုသွားပေမဲ့ သူများတွေ မနိုးအောင် အသံကိုထိန်းပြောနေရတယ်။

"သူက အိုပါးကိုကြိုက်နေတာ
ပြီးတော့ အိုပါးက သူ့ရည်းစားတဲ့
မဟုတ်မမှန်တာတွေပြောနေလို့ တားနေတာပါ"

"လက်ပါတာတော့ လွန်တယ် မီနာ"

"အိုပါးအတွက်ပါ"

"မလိုဘူး ပြီးတော့ သူပြောတာတွေအကုန် အမှန်တွေပဲ"

"ဟမ် မ...မဟုတ်သေးဘူးလေ အိုပါး သူက အိုပါးရည်းစား ဟုတ်...ဟုတ်လား"

"အင်း ခွင့်ပြုအုံးနော်"

ဆောင်ဟွန်းလက်ကို ဆွဲပြီးတဲထဲပြန်ဝင်လာတော့ ဆောင်ဟွန်းက စိုက်ကြည့်နေတယ်။

My puppy boy// JakehoonWhere stories live. Discover now