Part - 3

192 21 0
                                    

*ကျောင်းဆင်းချိန်*

ကျောင်းဆင်းချိန်မှာဆောင်ဟွန်းခေါင်းတစ်ခုလုံးပူထူရပါတော့တယ် ဘာလို့ဆို ဂျယ်ယွန်းကိုလဲလုံးဝ ရှာမတွေ့သလို ဂျေးတို့ကိုလဲမတွေ့ပါဘူး ဂျယ်ယွန်းကို အိမ်သာသွားမယ်ဆိုပြီးထသွားကတည်းက မတွေ့တော့တာ တစ်ကျောင်းလုံးပတ်ရှာလဲမတွေ့ ဖုန်းဆက်တော့လဲမကိုင်ပြန်ဘူး ဂျယ်ယွန်းအဆင်ပြေနေပါ့မလား​ ဆောင်ဟွန်းလဲမပြန်သေးပဲ ကျောင်းဝင်းထဲက ခုံတန်းလေးမှာထိုင်ပြီး ဂျယ်ယွန်းဖုန်းကို အခေါက်ခေါက်အခါခါခေါ်နေခဲ့ပြီး ကျောင်းထဲက ဂျယ်ယွန်းများထွက်လာမလားဆိုတဲ့စိတ်နဲ့ ကျောင်းထဲကိုလည်း လှည့်ကြည့်လှည့်ကြည့်နဲ့လုပ်နေပေမဲ့မှောင်တောင်မှောင်လာပြီ ဂျယ်ယွန်းထွက်မလာခဲ့ဘူး ဒါကြောင့် ဆောင်ဟွန်းလဲ ကျောင်းထဲကိုနောက်တစ်ခေါက်ဝင်ရှာမယ်ဆိုပြီးအထ အနောက်ကနေလှမ်းခေါ်တဲ့အသံလေး သေချာပါတယ် ဒါသူစောင့်နေတဲ့ ကလေးပေါက်စလေးရဲ့အသံပဲ

"ဆောင်ဟွန်း"

ဆောင်ဟွန်းလဲ အသံကြားတာနဲ့ချက်ချင်း ပေါက်စလေးကိုပြေးဖက်လိုက်ပြီး ငိုပါလေရော

"ကိုယ် မင်းကိုစိတ်ပူနေခဲ့တာ မင်းဘယ်တွေရောက်နေခဲ့တာလဲ"

"လာ လိုက်ခဲ့ ဟိုကြရင်မင်းသိလိမ့်မယ်"

ဆောင်ဟွန်းကိုကားပေါ်တက်ခိုင်းပြီး တစ်နေရာသို့မောင်းလာခဲ့တယ် ကားပေါ်မှာလဲ ဆောင်ဟွန်းက မျက်ရည်ဝဲနေသေးတယ် တော်တော်စိတ်ပူနေခဲ့မှာပဲ

"ဆောင်ဟွန်းရောက်ပြီ မျက်လုံးမှတ်ထားနော်"

ဂျယ်ယွန်းလက်နှစ်ဖက်က ဆောင်ဟွန်းမျက်လုံးပေါ်သို့အုပ်လာတယ်
ဂျယ်ယွန်းက သူ့မျက်လုံးပေါ်ကလက်တွေကိုဖယ်လိုက်ချိန် မျက်လုံးဖွင့်ကြည့်တော့ ဘာမှမမြင်ရတာကြောင့် မှောင်မဲနေတဲ့ အခန်းထဲရောက်နေမှန်း သတိထားမိခဲ့တယ်

"ဂျယ်ယွန်း?"

"ဂျယ်ယွန်းနား ကိုယ်ဘာမှမမြင်ရဘူးမင်းဘယ်နားမှာလဲ"

နောက်တော့ မီးလင်းလာခဲ့ပြီး အာ့ပါးနဲ့ အိုးမာရော ဂျေးနဲ့ဂျောင်ဝန်းကပါ ကျတော့်ရှေ့ရပ်နေခဲ့ပြီး ကျတော့်ရဲ့ ပေါက်စလေးက အလည်မှာသေးသေးလေးနဲ့ လက်ထဲမှာလဲ ကိတ်မုန့်လေး

"Happy Birthday To You
Happy Birthday To You
Happy Birthday
Dear Sunghoon
Happy Birthday To You"

"Happy Birthday ပါ သားလေးရေ သားလေးဖြစ်ချင်တာတွေအကုန်ဖြစ်ပြီး ချစ်ရသူနဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေကွယ်"

ဆောင်ဟွန်း အိုမားက "ချစ်ရသူနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေကွယ်" လို့ပြောတဲ့အချိန် ဂျယ်ယွန်းကို ကြည့်နေတာကြောင့်ဂျယ်ယွန်းကဘာမှမသိပဲပြန်ပြုံးပြလိုက်ကာ ဆောင်ဟွန်းကိုလဲ ဆုတောင်းဖို့ပြောနေသည်ဆောင်ဟွန်းကလဲသူ့ပေါက်စလေးပြောတဲ့အတိုင်းချက်ချင်ဆုတောင်းလိုက်တာပေါ့

Hoon's Mom pov - ကျွန်မသားငယ်လေးက ဂျယ်ယွန်းဆိုတဲ့ ကောင်လေးကိုကြိုက်နေသတဲ့လေ ထိုကောင်လေးကတော့မသိတော့တဲ့ကွယ် ဆောင်ဟွန်းလေး သူငယ်ချင်းတွေပြောတာတော့ ကျွန်မသားလေးက ဂျယ်ယွန်းလေးကိုတော်တော်ချစ်ရှာတာတဲ့ ဒါကြောင့်ပဲ ကျွန်မသားလေးကိုဂျယ်ယွန်းလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေရအောင် ဆုတောင်းနေတုန်း ဂျယ်ယွန်းလေးကိုပဲကြည့်နေခဲ့တာလေ ပြီးတော့ ကျွန်မဘက်ကတော့ သဘောမတူစရာအကြောင်းမရှိပါဘူးဘာလို့လဲဆိုတော့ ဂျယ်ယွန်းလေးက စာလဲတော်တယ် လူလေးကလဲချစ်စရာလေး လူကြီးတွေအပေါ်လဲရိုသေတယ်လေ ပြီးတော့ ကျွန်မကပဲ သားလေးနဲ့ဂျယ်ယွန်းအဆင်​ပြေအောင်လုပ်ပေးသွားမှာ

။။။။။။။။။။။။။။။။။။။။။။။။။။

ဒီနေ့တော့ဒီလောက်ပါပဲကွယ်
ဆောင်ဟွန်းနီး အိုမားက ဂျယ်ယွန်းနီးနဲ့ ဆောင်ဟွန်း နီးစပ်အောင် ဘယ်လိုလုပ်ပေးမှာပါလိမ့်နော် ><

vote​လေးနဲ့ cm လေးနဲ့ပေးသွားအုံးနော် မပေးရင်စိတ်ဆိုးမှာ ToT

My puppy boy// JakehoonМесто, где живут истории. Откройте их для себя