Part - 8

168 16 6
                                    

"ကိုယ်မင်းကိုမချစ်ပဲနေမလား ဂျယ်ယွန်းရဲ့"

Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.

"ကိုယ်မင်းကိုမချစ်ပဲနေမလား ဂျယ်ယွန်းရဲ့"

ဂျယ်ယွန်းက ဆောင်ဟွန်း ပါးကိုတစ်ချက်နမ်းလိုက်ပြီး ရှက်သွားပုံရကာ အခန်းထဲကထထွက်သွားဖို့ လုပ်သည်။ဆောင်ဟွန်းက ထကာ ဂျယ်ယွန်းလက်ကောက်ဝတ်ကနေလှမ်းဆွဲလိုက်တော့ ဆွဲလိုက်သည့်အတိုင်း ပြန်ပါလာသည်။ ဆောင်ဟွန်းက ဂျယ်ယွန်း နှုတ်ခမ်းကို နမ်းဖို့လုပ်နေသည့်အချိန်မှာပဲ

*ဒေါက်ဒေါက်ဒေါက်*

"ဆောင်ဟွန်းရေ အိုမားဝင်လာပြီနော်"

နှစ်ယောက်လုံး မျက်လုံးတွေပြူးကျယ်ကုန်ပြီး ဂျယ်ယွန်းက ဆောင်ဟွန်းကို ရေချိုးခန်းထဲ တွန်းပို့လိုက်ပြီး ဂျယ်ယွန်းကတော့ ဆောင်ဟွန်း စာကြည့်ခုံပေါ်မှာထိုင်ပြီး တွေ့တဲ့စာအုပ်ကိုသာကောက်ဖတ်နေလိုက်သည်။

"အော် ဂျယ်ယွန်းလေး ခြေထောက်က အဆင်​ပြေရဲ့လား"

"ဟုတ်ကဲ့ အဆင်​ြေ ပါတယ်ဗျ"

"အေးပါကွယ် အိုမားက ဂျယ်ယွန်းအဆင်ပြေလားလို့ လာကြည့်တာကွဲ့
အဆင်ပြေရင်ပြီးတာပဲကွယ်"

"ဟုတ်ကဲ့ အန်တီ သားကို စိတ်မပူပါနဲ့ ဆောင်ဟွန်းက သေချာ ဂရုစိုက်ပေးပါတယ်"

"အေးပါကွယ် ဒါဆို အန်တီ့ကိုခွင့်ပြုပါအုံး"

"ဟုတ်ကဲ့"

ဆောင်ဟွန်းအိုမားထွက်သွားမှာ ရေချိုးခန်းထဲက ဆောင်ဟွန်းကို သွားချောင်းရတော့သည်။

"ဆောင်ဟွန်း ထွက်လာတော့"

"အင်း ယွန်းငယ် ရေချိုးထားလိုက် ပြီးရင် အပြင်သွားကြမယ်"

"မောင် ကရော"

"ဂျယ်ယွန်းနဲ့ တူတူချိုးမယ်လေ"

My puppy boy// JakehoonWo Geschichten leben. Entdecke jetzt