Part - 10

162 17 2
                                    

*Time Skip*

ဒီနေ့က ခရီးသွားရမဲ့နေ့ဆိုတော့ အတန်းချိန်တွေလဲ သိပ်မရှိဘူးလေ။ဂျေးနဲ့ နေ့လည် 12 ထဲက 2 အထိ ဂိမ်းထိုင်ဆော့နေတာ ဂျယ်ယွန်းကတော့ ဂျောင်ဝန်းနဲ့စကားပြောတယ်။

"ပွဲတိုင်းနိုင်နေတော့ ဆော့ရမှာတောင်ပျင်းလာပြီကွာ"

"အေးကွာ"

ဆောင်ဟွန်းကလဲ ဂျောင်ဝန်းနဲ့စကားပြောနေတဲ့ ဂျယ်ယွန်းကို အနောက်ကနေသိုင်းဖက်လိုက်တယ်။

"ဆော့လို့ပြီးပြီလားမောင်"

"ပြီးပြီယွန်း"

လေးယောက်လုံး စကားပြောကြမယ်ဆိုပြီး မျက်နှာချင်းဆိုင်ထိုင်နေကြပြီး ဘာမှမပြောပဲ တစ်ယောက်မျက်နှာ တစ်ယောက် ထိုင်ကြည့်နေကြတယ်။

"ဟူးး ငါတို့တော့ ညမရောက်ခင်အထိ ငုတ်တုပ်မေ့ရတော့မယ်"

"အေးကွာ"

"ယွန်းငယ် ကိုယ့်ကို နမ်းပါအုံး"

"မောင်ရေ အခန်းထဲမှာနော်"

"အဟမ်း ငါတို့ရှိသေးတယ်နော် ပတ်ဆောင်ဟွန်း"

"လျှောက်သွားရအောင်လေ ဘာစာမှလဲမသင်ဘူးဆိုတော့"

"ကဲ ကလေးတို့ရေ အိမ်ပြန်ပြီအထုပ်တွေယူထားတော့ပြီးရင်ပြန်လာခဲ့ကြနော်"

everyone - nae

အထုပ်တွေသွားယူပြီးကျောင်းကိုလေးယောက်သားပြန်လာကြတော့ ကျောင်းပေါက်ဝမှာ မီနာ့ကိုတွေ့တယ်

"အိုပါး မီနာ့ကို အိတ်လေးဝိုင်းဆွဲပေးပါလား"

ဂျယ်ယွန်းကတော့ မကြားချင်ယောင်ဆောင်ပြီး ဆောင်ဟွန်းတို့နဲ့ စကားပြောရင်းသာ မီနာ့ အရှေ့ကဖြတ်လျှောက်လာခဲ့လိုက်တော့ မီနာက လက်ကိုလာဆွဲတယ်

"အိုပါး အိတ်လေးကူသယ်ပေးပါလား"

ဂျယ်ယွန်းက ဆောင်ဟွန်းကိုင်ပေးလာတဲ့ သူ့အိတ်ကိုလက်ညိုးထိုးပြလိုက်တယ်"

"ကြည့် အဲ့မှာ အိုပါး လက်နာနေလို့ သူ့ကိုကိုင်ခိုင်းထားတာ"

"အင်းပါ အဲ့ဒါဆိုလဲမီနာ့ကိုခဏစောင့်အုံးလေ"

"ယောက်ကျားလေးတွေနဲ့ မီနာတစ်ယောက်ထဲ မကောင်းဘူး လိုက်မလာနဲ့ နေခဲ့"

My puppy boy// JakehoonWhere stories live. Discover now