Part - 1

353 28 2
                                    

"ကျတော်နဲ့ဂျယ်ယွန်းက အရမ်းရင်းနှီးကြပါတယ် ဒါပေမဲ့ ကျတော်က ဂျယ်ယွန်းကို တိတ်တခိုး ချစ်နေခဲ့ရတာ ဂျယ်ယွန်းကဘယ်သိမလဲဗျာ...ကဲပါ ဒါတေထားလိုက်ပါတော့ အခုတော့ ဒီနေ့ဂျယ်ယွန်းက သူလာခေါ်မယ်ပြောလို့စောင့်နေရတာ ခဗျားတို့သိလား ကျတော် သူ့နားမှာ ရှိနေရတာပျော်တယ် "

*တီတီ*

"ဟောပြောရင်းဆိုရင်း ရောက်လာပါပြီ ကျတော့်ချစ်သောလေး"

ဆောင်ဟွန်းကားဟွန်းသံကြားတာနဲ့ အပြေး အိမ်ရှေ့ထွက်လာပြီး သူတစ်ချိန်လုံး မျှော်နေတဲ့ကောင်းလေးရဲ့ ကားပေါ်တက်လိုက်တယ်

"ဂျယ်ယွန်း သွားမယ်လေ"

"ဆောင်ဟွန်း"

"ဟွန် ပြောလေ"

"အတန်းလစ်ရအောင်"

"ဘာလို့လဲ ရုတ်တရပ်ကြီး"

"လုပ်ပါ ဆောင်ဟွန်းနီးကလဲ နော်နော်"

"ဟုတ်ပါပြီ"

"ဟီးဟီးအဲ့ဒါကြောင့်ဆောင်ဟွန်းနီးကိုချစ်တာ မွ"

ဂျယ်ယွန်းကတော့ဘာရယ်မဟုတ်ဘူး ပါးကိုနမ်းလိုက်တာ ဆောင်းဟွန်းခမျာတော့ နားရွက်လေးတေနီလို့ တော်သေးတာပေါ့ဂျယ်ယွန်းသတိမထားမိတာ

"ကဲပါ ပြောအုံး ဘယ်သွားမလို့လဲ"

"ဟန်မြစ် သွားမလို့"

"ဘာလို့လဲ"

"ဒီတိုင်းသွားချင်လို့"

ထို့နောက် ကားလေးက တရွေ့ရွေ့နဲ့ ဟန်မြစ်ကို ရောက်လာခဲ့တယ် ဂျယ်ယွန်းက ဆောင်ဟွန်းကိုအရင်ဆင်းဖို့ပြောလို့ဆောင်ဟွန်းက ဂျယ်ယွန်းဘာလုပ်မယ်မှန်းမသိပေမဲ့ ဆင်းသွားလိုက်တယ် ဂျယ်ယွန်းကပြောသေးတယ်

"ဆောင်ဟွန်းနား ဟိုခုံမှာထိုင်နေနော် နောက်လှည့်မကြည့်နဲ့နော်"

တဲ့ကျတော်လဲ "အင်း"လို့တစ်လုံးထဲသာပြောကာ ဂျယ်ယွန်းပြောသလိုနောက်လှည့်မကြည့်ပဲထိုင်နေလိုက်သည် သို့​သော် ဂျယ်ယွန်းဘာလုပ်မှာလဲဆိုတာ သိချင်သည် ဒါပေမဲ့ဂျယ်ယွန်းက သူ့စကားကို နားမထောင်တာမကြိုက်တာမို့ငြိမ်ငြိမ်လေးပဲထိုင်နေလိုက်သည် ဆောင်ဟွန်းအတွေးထဲရုတ်တရပ်ဝင်လာတာ ဂျယ်ယွန်းကားနောက်ခန်းက အမဲရောက်အိတ် ဆောင်ဟွန်းကားပေါ်တက်ကတည်းက သတိထားမိခဲ့ပေမဲ့ ဂျယ်ယွန်းကိုတော့ မမေးခဲ့မိဘူး ပြီးတော့ ခုံမှာပဲထိုင်ပြီးအနောက်ကိုလှည့်မကြည့်ခိုင်းတာရော ဂျယ်ယွန်းက အခုငါ့ကို လုပ်ကြံတော့မှာလား ဟူးးးး ဒါမှမဟုတ်...ဆောင်ဟွန်းအတွေးလွန်နေတုန်းမှာပဲအနောက်ကနေသူ့နာမည်ကို အသံသေးသေးတိုးတိုးလေးနဲ့ခေါ်သံ

"ဆောင်ဟွန်းနား"

"ဟင်"

"နောက်လှည့်ကြည့်ပါအုံး"

ဆောင်းဟွန်းနောက်လှည့်ကြည့်လိုက်တော့ ဂျယ်ယွန်းက ကိတ်မုန့်တစ်လုံးကိုကိုင်ထားခဲ့ပြီး ရောင်စုံဖယောင်းတိုင်လေးတွေပါထွန်းထားသေးသည်။

"ဒါဘာလဲဂျယ်.."

"Happy Birthday To You
Happy Birthday To You
Happy Birthday
Dear Sung Hoon...
Happy Birthday To You....."

"ဘာလို့ကိုယ့်မွေးနေ့ကိုယ်တောင်မမှတ်မိနိုင်ရတာလဲ"

"ဟင် ဒီနေ့ တကယ် ငါ့မွေးနေ့လား"

"အင်းလေ အဲ့ဒါကြောင့်ငါမင်းကို အတန်းပျက်ဖို့ပြောခဲ့တာ"

"မင်းကားနောက်က အိတ်အမဲက.."

"အော်အဲ့ဒါ ကိတ်မုန့်ထည့်ထားတဲ့အိတ်လေ"

"နောက်လှည့်မကြည့်ခိုင်းတာကရော"

"ငါကိတ်မုန့်ထုတ်လာတာ မင်းမြင်မှာဆိုးလို့ပေါ့"

"အော်အဲ့လိုလား"

ဒါဆိုဂျယ်ယွန်းအပေါ်အထင်လွဲခဲ့တာပေါ့

"မှုတ်လိုက်အုံး ဆောင်းဟွန်းနား"

ထို့နောက် ဂျယ်ယွန်းက ကိတ်ပေါ်က creamနဲ့ ဆောင်းဟွန်းနှာခေါင်းကို ဖြေးဖြေးလေး တို့လိုက်တယ်

"ဟာ...ဂျယ်ယွန်း လာတော့မင်းအလှည့်"

"ဟွန်းဟွန်းက အဲ့လိုလုပ်ရဘူးလေ ဂျယ်ယွန်းနီးက စတာကို ဟွန်းဟွန်းကို စိတ်ဆိုးတယ်ဟွန့်"

ဂျယ်ယွန်းက အဲ့လိုပါပဲ တစ်ခါတစ်လေ အဲ့လိုချစ်စရာအပြုအမူတွေနဲ့ ကျတော့်ကို ဆွဲဆောင်သေးတာ အဲ့ဒါတွေကြောင့်သူ့ကိုချစ်နေခဲ့ရတာသူသာသိရင်သိပ်ကောင်းမှာပဲ

။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဒီနေ့တော့ဒီလောက်ပဲ သဲငယ်တို့ရေ
ပေါ့သွားလားဟင် နောက်ပိုင်းဆားထည့်ပေးမယ်နော် ^-^

vote လေးတေ cm လေးတေ ပေးသွားအုံးနော် မပေးရင် စိတ်ဆိုးမှာ ToT

My puppy boy// JakehoonOnde histórias criam vida. Descubra agora