ကြောင်ယင်ညန်က အိပ်ရာပေါ်သို့ ခုန်တက်လိုက်ပြီး နဂိုမူရင်းပုံစံသို့ ပြောင်းလဲသည်။ ထို့နောက် ဘေးဘက်နေရာသို့ ပုတ်​ပြသည်။

"လာ ထိုင်ပြီးပြော"

ကျန်းကျိရင်က နာခံစွာဖြင့် အနားသွားကာ ထိုင်သည်။

"လူတစ်ယောက်ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး ဝင်ရောက်စွက်ဖက်ဖို့ ကူညီပေးနိုင်မလား"

ဂိမ်းထဲတွင် အိပ်မက်နှင့်ဆက်စပ်သော စွမ်းရည်၃မျိုးကို လေ့လာရန် ရွေးချယ်နိုင်သည့် အဆင့်၈စိတ်စွမ်းအား စွမ်းရည် အသုံးပြုသူ တစ်​ယောက်ရှိကြောင်း သိထားသည်။ ထိုလူက အိပ်မက်ဆိုးပေါင်းများစွာ အတွင်းသို့ ဆွဲသွင်းကာ hellကို ကျစေခြင်းဖြင့် တိုက်ခိုက်သော စွမ်းရည်မျိုး ၊ အိပ်မက်မက်သည့် နှုန်းကို လျော့ချသည့် စွမ်းရည်မျိုးနှင့် အိပ်မက်မက်မှုကို မြှင့်တင်နိုင်သည့် စွမ်းရည်မျိုးတို့ကို လေ့လာနိုင်သည်။ ဒီလောကတွင် ထိုစွမ်းရည် ၃ မျိုးက အခြားသူများ၏ အိပ်မက်များအ​​ပေါ် လွှမ်းမိုးရာတွင် အမှန်တကယ် သက်ရောက်မှုရှိသည်။ ယင်ညန်ကလည်း ထိုသို့စွမ်းရည်မျိုး ရှိသည်။

ဒါက စုံစမ်းမေးမြန်းခြင်းဖြစ်သော်လည်း ကိုယ်ရေးကိုယ်တာအခြေအနေအရ ကျန်းကျိရင်ကလည်း ယင်ညန်က သူ့ကို သေချာပေါက် ကူညီရန် သဘောတူပေးမည်ဖြစ်ကြောင်း သိထားသည်။ မည်သို့ပင်ဆိုစေ သူတို့၏ကြားတွင် ဆက်ဆံရင်းနှီးမှုတစ်မျိုးရှိနေသည်။ ရလဒ်အနေဖြင့် ယင်ညန်က သူ့အား ပါးများကို လက်ဖြင့်ထောက်လျက် မျက်လုံးများ မှိတ်တုပ်မှိတ်တုပ်လုပ်ကာ ကြည့်လာပြီးနောက် နူးညံ့စွာပြောသည်။

"ငါ့ကို တောင်းပန်လေ"

ကျန်းကျိရင်"..."

သောက်ကျိုးနည်း။ ဒီလှည့်ကွက်တွေ ဘယ်နေရာက သင်လာတာလဲ။

သူက မတုံ့ပြန်လာကြောင်း မြင်သောအခါ သူဌေးယင်က ရည်ရွယ်ချက်ရှိရှိ ခေါင်းကို လှည့်လိုက်ပြီးနောက် အသံကို မြှင့်သည်။

"မင်း မတောင်းပန်ချင်လည်း ရပါတယ်၊ မင်းငါကလွဲပြီး အခြား အဆင့်မြင့်အဆင့် စိတ်စွမ်းအားအသုံးပြုသူကို ရှာဖွေနိုင်မှာမဟုတ်ဘူး"

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now