သူ ချစ်ရသောသူက အင်အားကြီးသည်။ သို့သော် မှီခိုအားထား၍ မရချေ။ ထိုဘဝက ရယ်ရန် ခက်ခဲလွန်းပေသည်။

တုံ့ပြန်မှုမရကြောင်း မြင်သောအခါ အားမူနှင့် အားခုန်းတို့က တစ်ခဏမျှ ဆွေးနွေးကြသည်။ တစ်စုံတစ်ရာ ဖြစ်သွားမည့်အရေးကို စိုးရိမ်သဖြင့် သော့သွားယူကြသည်။

သူတို့ဖွင့်ဟပြီး ဝင်လိုက်သောအချိန်တွင် အိပ်ရာပေါ်တွင် အတူဖက်ကာ အိပ်နေကြသည့် ဖက်ထုပ်ဖြူလေးနှစ်ကောင်ကို မြင်လိုက်ရသည်။ သူတို့က အချင်းချင်းပွေ့ဖက်ပြီး အိပ်ပျော်နေကြလေသည်။

"ခေါင်းဆောင်မရှိဘူး၊ အပြင်ထွက်သွားတာ ဖြစ်လောက်တယ်၊ ကြည့်ရတာ ဘာမှလည်း ဖြစ်မနေပါဘူး၊ ဒီတိုင်း ခေါင်းဆောင်ရဲ့ကြောင်က ဆော့ပြီး ပင်ပန်းသွားလို့ အိပ်ပျော်သွားကြတာ ဖြစ်မယ်"

အားမူကပြောသည်။

ဆော့နေတာမဟုတ်ဘူး သောက်ကျိုးနည်း...

ကျန်းကျိရင်က စိတ်ထဲတွင် အော်ဟစ်နေသည်။ သို့သော် အပေါ်ယံတွင်မူ သူက ကောင်းမွန်စွာ အိပ်ပျော်နေသည့်ကြောင်လေး ဖြစ်နေသည်။ အားခုန်းက မနေနိုင်ဘဲ ပြောလိုက်သည်။

"ခေါင်းဆောင်ရဲ့ ကြောင်က တော်တော်နာခံပြီး ချစ်စရာကောင်းတာပဲ၊ သူက ကြောင်မလေးကို ဘယ်လို ဂရုစိုက်ရမလဲဆိုတာကို သိတဲ့အပြင် ဖက်ပြီးတော့တောင် အိပ်နေသေးတယ်"

သူတို့နှစ်ယောက်က တံခါးပြန်ပိတ်ပြီး ထွက်သွားကြသည်။

ကျန်းကျိရင်က စောင်အောက်တွင် အိပ်နေသော ယင်ရှောင်းရှန်းအဖြစ် အမှားခံလိုက်ရခြင်းဖြစ်သည်။

ကျန်းကျိရင်က သူ၏ လက်ဖဝါးလေးကို သုံးပြီး ယင်ညန်ကို တစ်ဘတ်ဘတ် ရိုက်သည်။ သို့သော် တစ်ဘက်သူက ဆက်လက်ပြီး မလှုပ်ရှားဘဲနေကာ သူ့ကို ထိုက်တောင်ကြီး ပြိုကျမည်ဆိုလျှင်တောင် လှုပ်မည်မဟုတ်ကြောင်း ပုံစံမျိုးဖြင့် ခပ်တင်းတင်း ဖက်လိုက်သေးသည်။ သူက အတန်ငယ် ညီးညူလိုက်ပြီးနောက် မျက်လုံးကို မှိတ်ကာ အိပ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူ့အနေနှင့် ပထမဦးဆုံးအကြိမ် ကြောင်အဖြစ်ပြောင်းလဲသွားခြင်းမဟုတ်ပေ။ သူက ကျင့်သားရနေပြီးသား ဖြစ်သည်။ ဒီတစ်ကြိမ်တွင် ယင်ညန်ကလည်း ကြောင်ဖြစ်သည်။ ထို့ကြောင့် သူက ယခင်အခေါက်ကကဲ့သို့ အလန့်တကြား ဖြစ်ရန်မလိုအပ်တော့ချေ။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Donde viven las historias. Descúbrelo ahora