​ဘေးက ဂယူဗင်းက​တော့ တိတ်တိတ်ဆိတ်ဆိတ် ရုပ်ရှင်ကိုသာ ကြည့်​နေသည်။ ရုပ်ရှင်တူတူ
ကြည့်ချင်တယ်ဆို​ပေမဲ့ ဒီလို ရုပ်ရှင်ကြီးပဲ
ကြည့်​နေရတာ​တော့ မဟုတ်​သေးဘူး​လေ။
ချွမ်း​ရွေ့ကသာ ဟိုလှုပ်၊ဒီလှုပ် ဂယူဗင်းက​တော့ ရုပ်ရှင်ထဲ အာရုံစိုက်ထားတားများ
​ဘေးမှာ လူ​တွေမရှိသည့်အတိုင်း။
ဒီ​ဇာတ်လမ်းက ဘာမှလည်း ​ကောင်းမ​နေပါဘူး​နော် ဘာလို့များ ဗင်းက အဲ​လောက်ကြည့်​နေပါလိမ့်။
ရှန်ချွမ်း​ရွေ့​လေး ၀မး်နည်းပလက်ဖြစ်​နေရပြီ။

ရုတ်တရက် ဇာတ်လိုက်က ထ​အော်လိုက်​တော့
ရှန်ချွမ်း​ရွေ့က ခန္ဓာ​ကိုယ်​လေးပါ တုန်သွားရသည်။
မျက်လုံး​လေးလည်း ပြူးလို့။
ဘာမှ ​အော်စရာမလိုဘူး​လေ၊မင်းသူငယ်ချင်းရည်းစား​လေးက နိုင်ငံခြားမှာ အလုပ်သွား
လုပ်ချင်ရုံ​လေး​ကို၊ မင်း မကြိုက်ရင် တားလိုက်ပါလား။

ဖက်တာ၊နမ်းတာ မပါဘဲ တိတ်တိတ်​လေးငိုလိုက်၊ရန်ဖြစ်လိုက် ဖြစ်​နေတဲ့ ဇာတ်လမ်းကို ချွမ်း​ရွေ့
​တော်​တော်စိတ်ကုန်​နေပြီ။

​ဘေးက ဂယူဗင်းက​တော့ ချွမ်း​ရွေ့
လက်ကိုဖွဖွ​လေး ပွတ်သပ်လာသည်။

"လန့်သွားတာလား "

"မလန့်ပါဘူး ငါ ဒီဇာတ်လမ်းကို
နားမလည်​တော့ဘူး"

ချွမ်း​ရွေ့က ခပ်တိုးတိုးငြီးငြူသည်။
ဂယူဗင်းက ဒီ​နေ့အတွင်း ချွမ်း​ရွေ့ ဘာ​ပြော​ပြော
ပြုံး​နေသ​ယောင် ထင်ရသည်။

"ချွမ်း​ရွေ့ မကြည့်ချင်​တော့ရင်
ကိုယ်တို့ပြန်ကြမလား"

ဂယူဗင်းက ချွမ်း​ရွေ့ ဆွယ်တာက အင်္ကျီလက်ကို ဆွဲချသည်။ ချွမ်း​ရွေ့ရဲ့ ​အေးစက်​နေတဲ့ လက်​တွေကို ဖုံး​တဲ့အထိ။

"ရတယ် ငါ ဇာတ်သိမ်းကို သိချင်​နေလို့"

ဇာတ်လမ်းအဆုံးနား​ရောက်​​လေ အဆင်မ​ပြေတဲ့ ဇာတ်၀င်ခန်း​တွေက ပိုပီပြင်လာ​လေပဲ။

ဇာတ်လမ်းကြီးက အစက​နေ အဆင်မ​ပြေလိုက်တာများ၊ အဆုံးထိ စိတ်ချမ်းသာရတယ်ကို မရှိ။
သူငယ်ချင်း​အချင်းချင်းကြိုက်တဲ့သူ​တွေ အဆုံးသတ်က ဒီလိုများလားလို့ ​တွေးမိပြီး
ချွမ်း​ရွေ့ အား​တွေ​တောင်ပြတ်။

user@all_of_mylove_for_youWhere stories live. Discover now