110:ကောင်းလိုက်တဲ့ပွဲပဲ

Zacznij od początku
                                    

လူတိုင်းသည် ရွှင်မြူးနေကြပြီး ရှူကျီးကျာ့လန်ရှုံးသွားပြီးနောက် အတော်လေး စိတ်ဓာတ်ကျနေသော်လည်း သူတို့၏ စိတ်ဓာတ်များပြန်လည်ကောင်း မွန်လာပုံရလေသည်။

ဒါပေမယ့်လည်း ဟဲကျင့်ကတော့သိပ်မကျေနပ်ခဲ့ပေ။တကယ်တော့ သူက အိမ်မွေးတိရိစ္ဆာန်လေးတစ်ကောင်လို နှိမ့်ချလွန်းတယ်လို့ ခံစားရတယ်... သူက မီး နဲ့ အတူ သူ့ခြေသည်းတွေကို ပြဖို့ အခွင့်အရေးတောင် မရခဲ့ဘူးပါဘူးနော်...

သူ့လိုပဲ ပရိသတ်တွေကလည်း  သူတို့ကြည့်ရတာလုံလောက်တယ်လို့မခံစားခဲ့ရလေဘူး-

[စောင့်ဆိုင်းဧရိယာ] "မျက်နှာကြီးမျိုး"- ငါဘောင်းဘီကိုချွတ်ရုံပဲရှိသေးတယ် ဂိမ်းကပြီးသွားပြီတဲ့ဟေး!"

[စောင့်ဆိုင်းဧရိယာ] "ပစ်ချခံရပြီ"- သူအနိုင်ရတာ မြန်လွန်းတယ်ဟေး ပြိုင်ဘက်ကဘာလာလုပ်တာတုန်း!]

[စောင့်ဆိုင်းဧရိယာ] "လရဲ့လေ"- ဆက်ဆော့ကြပါဦး! မရပ်လိုက်ပါနဲ့။ ကျေးဇူးပြု၍ နောက်ဂိမ်းဆော့ကြပါ!

[စောင့်ဆိုင်းဧရိယာ] "ဟန်ရှောင်ရန်"- မီးရဲ့pet က ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာကို ကြည့်ဖို့ငါဒီမှာရောက်နေတာဒါပေမယ့် သူမရဲ့ချစ်ဖို့ကောင်းတာပဲတွေ့ခဲ့ရတယ်.. ငါအရမ်းစိတ်ပျက်မိတာပဲ...

[စောင့်ဆိုင်းဧရိယာ] "ဖင်းယွီ"-အားကျင့်က Fairy pet စာရင်းမှာတောင်မပါဘူးနော် သူကရှူကျီးကျာ့လန်လောက်အားမကြီးဘူးလား?အရံကစားသမားလားဟ?"

[စောင့်ဆိုင်းဧရိယာ] "စံထိပ်ထားဆန်ပိုး"- ရလဒ်ကအရမ်းတုန်လှုပ်ဖို့ကောင်းတာပဲနော်...

[စောင့်ဆိုင်းဧရိယာ] "ရေဘဝဲကျယ်မေ့"- "အရမ်းတုန်လှုပ်စရာကောင်းလွန်းတယ် +1 သူတို့နှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာကိုပြသဖို့ဒီမှာရှိနေတယ်လို့ တောင်ခံစားရတယ်"

ဒီလူတွေ ဆွေးနွေးနေတာကို မြင်တော့ဟဲကျင့်မျက်လုံးလှန်မိသွားပြီး ဘာမှတောင်မပြောနိုင်တော့ပါဘူးနော်

တတိယဂိမ်းမှာတော့ ကြိုးကြာရိုင်း ဆော့ရမည့် single PK ဂိမ်းဖြစ်သည်။ ငါးမိနစ်အကြာတွင် ပြိုင်ဘက်အဖွဲ့ခေါင်းဆောင် နဂါးစစ်သည် ကို အနိုင်ရခဲ့သည်။ ရှူကျီးကျာ့လန်ထက် အချိန်ပိုနည်းခဲ့ပေမယ့် သူ့ပွဲက မီး နဲ့ အားကျင့် ထက် ပိုဆွဲဆောင်မှုရှိနေတုန်းပါပဲ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Opowieści tętniące życiem. Odkryj je teraz