ထို့အပြင် ယခုဒေတာက အချိန်နှင့် တပြေးညီ ပေါ်ထွက်လာနေသော ဒေတာ ဖြစ်သည်။ အပြီးသတ်ဒေတာ မဟုတ်သေးချေ။ ပို၍ဆိုးသည်မှာ အခြေအနေပေါ် မူတည်ကာ ကြည့်ရှုရမည်ဆိုလျှင် လူအရေအတွက်က ထပ်မံမြှင့်တက်လာရန် ရှိနေသေးသည်။

"ဘန်း ဘန်း ဘန်း
ဆုပိုင်က လက်နှစ်ဖက်လုံးဖြင့် ပင်စည်ကြီးကို ဖက်ထားသည်။ ခေါင်းကို အောက်သို့ ခပ်တင်းတင်း ငုံ့ထားရ၏။ မျောက်တစ်အုပ်က သူ့ကို သစ်သီးဖြင့် ကောက်ပေါက်နေခြင်း ဖြစ်သည်။

တစ်ခဏခန့် ကြာပြီးနောက် ဆုပိုင်က သူ၏နဖူးတွင် ဘုသီးကြီးများ ထလာကြောင်း ခံစားလိုက်ရသည်။

"မြန်မြန် ဆင်းရမယ်။ ကံကောင်းလို့ ဒါက သစ်သီးတွေ ဖြစ်နေတယ်။ ကျောက်တုံးသာဆိုရင် ငါတော့ မြေပြင်မှာ လဲနေလောက်ပြီ"

ဆုပိုင်က လက်နှစ်ဖက်လုံးကို သုံးပြီး အောက်ဘက်သို့ ခပ်မြန်မြန် ထိုးဆင်းသည်။

"ကျွီ ကျွီ ကျွီ"

မျောက်တိုတစ်အုပ်က သစ်ကိုင်းများပေါ်တွင် ဆောင့်ကြောင့်ထိုင်နေပြီး မျက်လုံးပြူးနှင့် အောက်ဘက်မှ လူကို ကြည့်နေကြသည်။ သူတို့က နဖူးကိုလည်း ဆက်တိုက်ကုပ်နေသည်။

ဒီလောက်ကြီးတဲ့ မျောက်ကြီး ဘာလို့မမြင်ဖူးတာလဲ။
နောက်ပြီး အမွှေးတောင် မပါဘူး။

ထိုမျောက်တိုတစ်အုပ်က မြေပြင်သို့ ဆင်းသက်သွားသော ဆုပိုင်ကို ကြည့်ပြီး တစ်ကောင်ပြီးတစ်ကောင် ခုန်ဆင်းလာကြကာ ပိုပြီး မျက်နှာချင်းဆိုင်တွင် ရှိနေသည့် ပိုပြီးကြီးမားသည့် သစ်ပင်ပေါ်သို့ ခုန်တက်လိုက်ကြသည်။

"ဘန်း ဘန်း ဘန်း "

သစ်သီးများက မိုးရွာသလို ထပ်ကျလာပြန်သည်။

"မင်းတို့ မပြီးသေးဘူးလား။ ငါ မင်းတို့ကို လာကယ်တာနော်"

ဆုပိုင်က မြေပြင်တွင် လဲနေရင်း သစ်သီးများကို ကောက်ကာ ပြန်ပစ်သည်။

"ကျွီ"

မျောက်တိုတစ်ကောင်က မရှောင်နိုင်သေးခင် ဆုပိုင်ပစ်သော သစ်သီးဖြင့် ကွက်တိ အမှန်ခံလိုက်ရသည်။ သူ၏မျက်လုံးက ကြက်ခြေခတ် ပုံသဏ္ဍာန် ဖြစ်သွားပြီး သစ်ကိုင်းပေါ်တွင် ကြောင်တောင်တောင်ဖြင့် ဆက်ထိုင်နေသည်။

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Où les histoires vivent. Découvrez maintenant