"လက်မှတ်ဝယ်သွားတဲ့ သူတွေ အားလုံးက ငွေပြန်တောင်းပြီး လဲလှယ်သွားကြတယ်"

"ဘာတွေဖြစ်နေတာလဲ။ တိရိစ္ဆာန်တွေက ဆိုးလာလို့လား"

ထိုအသံကို ကြားသောအခါ ချင်တလန်က ကုလားထိုင်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။ သူက အလျင်အမြန် ခန္ဓာကိုယ်ကို ထိန်းလိုက်ရသည်။

"ကျွန်တော်လည်း မသိပါဘူး။ သူတို့အားလုံးက မျက်နှာချင်းဆိုင်ဘက်က ကောင်းကင်ပြာ တိရိစ္ဆာန်ရုံရဲ့ ဝင်ပေါက်ဆီ ပြေးသွားကြတာပဲ"

"သူဌေး ကောင်းကင်ပြာ တိရိစ္ဆာန်ရုံ ဝင်ပေါက်မှ လူတွေအုံနေတာ။ ကျွန်တော်တို့ရဲ့ တိရိစ္ဆာန်ရုံထဲက ခရီးသွားဧည့်သည်တွေ အားလုံး ရောက်နေတယ်"

"တစ်ချက်သွားပြီး ကြည့်ရအောင်"

ချင်တလန်က သိပ်ပြီး ဂရုမစိုက်ချေ။ သူက ကုလားထိုင်ပေါ်မှ ခုန်ထွက်လိုက်ပြီး အပြင်သို့ ထွက်သွားသည်။

"အိုး အိုး အို"

"ဟ ဟ ဟ ချစ်စရာကောင်းလိုက်တာ။ ဒီကောင်လေးက ဘာလို့ ဒီလောက်ထိ ချစ်စရာကောင်းနေတာလဲ"

"ပါပါး သူ့ကို ထိကြည့်လို့ရလား။ ပါပါး ကျေးဇူးပြုပြီး သူ့ကို ထိခွင့်ပေးပါ"
တိရိစ္ဆာန်ရုံဝင်ပေါက်မှ ထွက်လာပြီးသည့် အချိန်တွင် လမ်းတစ်ဖက်ခြမ်းမှ လာသည့် အော်ဟစ်အားပေးသံများကို ကြားလိုက်ရသည်။

"ဘာတွေဖြစ်နေတာလဲ"

ချင်တလန်က သူ၏ပြောင်နေသည့် နဖူးကို အသာပွတ်သပ်ရင်း စိတ်ရှုပ်ထွေးစွာ တွေးသည်။

ဘိဘိ

ချင်တလန်၏ အရှေ့ဘက်သို့ ပြည်သူနှင့် သဘာဝချန်နယ် လိုဂိုပါသည့် ယာဉ်တပ်ကြီးက ဆိုက်ရောက်လာသည်။

"မင်းတို့ ပြန်သွားပြီ မဟုတ်လား။ ဘာလို့ ပြန်ရောက်လာတာလဲ။ ဒီထက်ပိုပြီး ရိုက်ဖို့ လိုသေးလို့လား"

ချင်တလန်က ပြတင်းပေါက်မှန်ကို ချလာသည့် ဓာတ်ပုံဆရာကို ကြည့်ရင်း ပြုံးလျက် မေးလိုက်သည်။

"မဟုတ်ဘူး ငါတို့က သိပ်မကြာခင် ကောင်းကင်ပြာ တိရိစ္ဆာန်ရုံနဲ့ အင်တာဗျူးမလို့လေ။ အဲ့ဒီမှာ လူတွေ အရမ်းများနေလို့။ သူဌေးချင်နားမှာ ကားကို ရပ်ခဲ့လိုက်မယ်နော်"

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Donde viven las historias. Descúbrelo ahora