ပန်ဒါကြီးဆိုတဲ့အတိုင်းပဲ စားတာကလွဲရင် သူ့ရဲ့အချိန်အများစုက အိပ်တာပဲ။

သူက သက်ပြင်းချရင်း ဂရုတစိုက် ထရပ်လိုက်ကာ တံခါးကို ပိတ်သွားသည်။

ထိုအချိန်တွင် တိရစ္ဆာန်ရုံထဲ မည်သူမှ မရှိတော့ချေ။ လာရောက်လည်ပတ်သူလည်း အများကြီး မရှိပါချေ။ သို့ရာတွင် ဆုပိုင်ထွက်သွားပြီး သိပ်မကြာခင် လုပ်နိုင်စွမ်းရည် ရှိသော အမျိုးသမီးရှေ့နေ့က တံခါးကို ဖျက်ကာ ဝင်လာသည်။

"ငါ့နောက်ဆုံးတော့ အော်ဒါတစ်ခု ရသွားတာ။ ဒါပေမယ့် မမျှော်လင့်ထားပဲ ဒီလို အလဟသ ဖြစ်သွားရတယ်"

ရှောင်လင်းက မျက်မှောင်ကျုံ့လျက် ရေရွတ်နေသည်။ သူမ၏ high heel က မြှောက်တက်သွားရင် ဥယာဉ်အတွင်း တစ်လှမ်းချင်းစီ လျှောက်ဝင်လိုက်သည်။ သူမက ဆုပိုင်ကို စကားလာပြောရင်း ဖြောင်းဖျရန် မျှော်လင့်ထားခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုအော်ဒါက ဆက်ပြီး ကျရှုံးသွားခဲလျှင် သူမက အလုပ်ပြုတ်သွားပေလိမ့်မည်။

သုံးလတာ အလုပ်သင်ကာလ အတောအတွင်း မည်သည့်အော်ဒါ တစ်ခုကိုမှ ပြီးမြောက်အောင် မလုပ်ရသေးပေ။

"ငါ ရှေ့နေတစ်ယောက် လုပ်ဖို့ မသင့်တော်တာများလား"

ထိုအတွေးက ရှောင်လင်းစိတ်အတွင်းတွင် ထင်ဟက်လာသည်။ မည်သို့ပင်ဆိုစေ သူကလည်း ဒီထက် တစ်ဖန်ထပ်ပြီး တိုက်ခိုက်ကြည့်ရပေမည်။ သူမက ယခုလေးတင် ခေါင်းဆောင်ချင်နှင့် ဆွေးနွေးခဲ့ပြီး အောင်မြင်စွာ အယုံသွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ဖြင့် ရံပုံငွေတစ်သန်း ထပ်ထည့်ပေးမည် ဖြစ်သည်။

"ဒါကတော့ သိပ်မနည်းလောက်ပါဘူး"

သေးငယ်သော တိရစ္ဆာန်ရုံတွင် ရပ်နေသော ရှောင်လင်းက ဘေးဘီကို ကြည့်သည်။ ရုတ်တရက် ဒီခြံဝန်းအတွင်းမှ အထီးကျန်လွန်းသော စက်ရုပ်တိရစ္ဆာန်အချို့ကို မြင်လိုက်ချိန်တွင် ခေါင်းကို အသာခါယမ်းသည်။

သူမကလည်း ထိုလူငယ်က မည်သည့်အတွက်ကြောင့် ဆက်လက်ပြီး အတိုက်အခံလုပ်နေကြောင်း နားမလည်နိုင်ပါချေ။

ဒါကို တိရုံလို့ ခေါ်တာလား (Zoo)Where stories live. Discover now