108:နဂါးအသင်း

Start from the beginning
                                    

မီး:"အင်း"

ဟဲကျင့်နှဖူးမှာချွေးအေးတောင်စီးကျသွားရတယ်။အဖွဲ့ခေါင်း ဆောင်ကိုယ်တိုင်က အင်းလို့ပြောတယ် တဲ့ ကိုယ့်အသင်းဖော်တွေကို ရန်သူကို လျှော့မ
တွက်မိဖို့ အနည်းဆုံး သတိပေးသင့်တာမဟုတ်ဘူးလားနော် ဒီလို မောက်မာမှုမျိုး... အဆုံးမှာ တကယ် အဆင်ပြေပါ့မလား?

သို့သော်လည်း လူတိုင်းက စိတ်အေးလက်အေး ဖြစ်နေကြဆဲပင်။ PK အတွက် သွားတဲ့သူတွေ ရှိကြသေးတယ် ဟဲကျင့်တစ်ယောက်ထဲသာ စိတ်လှုပ် ရှားနေတဲ့ပုံပါပဲ။

ချင်ယွီက သူ့ကိုသီးသန့်မေးလာလေသည်။

"Fairy Pet ရဲ့ ဦးဆောင်စာရင်းမှာ မင်းအဆင့်က ဘယ်လောက်လဲ?"

ဟဲကျင့် က အဲဒါကို ကြည့်လိုက်ပြီး "118" လို့ပြောလိုက်သည်။ ပြိုင်ပွဲစတင်ကတည်းက ရှုံးပွဲမရှိခဲ့ပေ။ အခြေခံအားဖြင့် သူသည် ဂိမ်းတစ်ခုအနိုင်ရပြီးနောက် အထက်နေရာဆယ်ဆင့်ဖြင့် အဆင့်မြှင့်တင်
နိုင်လေသည်။ သူသည် ထောင်ဂဏန်းအောက်မှ 118 ထိသို့ အဆင့်မြှင့်ထားပြီးဖြစ်သည်။ တစ်လခွဲတွင်Fairy Pet အကောင်တစ်ရာနီးပါးကို ပြိုင်ဖက်
အဖြစ် တွေ့ဆုံခဲ့ပြီးဖြစ်သည်။

ချင်ယွီ: " ဒီရက်ပိုင်း အနားယူလိုက်"

"ဘာလို့လဲ?"

ဟဲကျင့် သည် မူလကဒီညတွင် နောက်ထပ်လေ့ကျင့်ရန် ဆန္ဒရှိခဲ့သည်။

ချင်ယွီ: "အဆင့် 100 အထက်က Fairy Pet တွေက ဦးဆောင်သူ စာရင်းမှာ public နဲ့ မှတ်တမ်းတင် ထားလိမ့်မယ် ပြီးတော့ ပြိုင်ပွဲမှတ်တမ်းတွေကိုပါ တရားဝင် website မှာတင်ပေးထားမှာ"

ဟဲကျင့်: " ငါ့စွမ်းအား တွေကို လူသိသွားမှာ မင်းစိုးရိမ်နေတာလား?"

ချင်ယွီ: "ဟုတ်တယ် နဂါးအသင်း ခေါင်းဆောင်ရဲ့ Fairy Pet ကို ငါအရင်က တွေ့ဖူးတယ် အဲဒါ မင်းနဲ့အမျိုးအစားတူတဲ့ ကြောင်ကတိုးတစ်ကောင် ပဲ အဲဒါက Fairy Pet ဦးဆောင်သူစာရင်းဇယားမှာ အဆင့် (9) ရှိတယ် နာမည်က ကျစ်ကျစ်"

ဟဲကျင့်: "!!!"

အဆင့် 9! ဘယ်လိုတောင်မြင့်ရတာလဲ!

ချင်ယွီ: "ငါ မင်းကို ဗီဒီယို ပို့လိုက်မယ် ကျစ်ကျစ်ဘယ်လို တိုက်လဲ ကြည့်ကြည့်လိုက်"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now