"Tae Hyung ဖြည်းဖြည်းနော် ပွင့်ဖတ်တွေကြွေကုန်အုံးမယ်။"

"ငါသိတယ် မရှည်နဲ့!! မင်းတို့က ကြိုက်ခါစရည်းစားလည်းမဟုတ်ဘူး။ညားနေပြီပဲကို"

"ညည်းညူမနေနဲ့ မင်းငါ့လို ယောကျာ်းရမှ သိလိမ့်မယ်။"

"Jin Hyung မြန်မြန်ခြွေနော်"

"Yoongi Hyung ဒါလေးကူပေးပါအုံး"

"Nam Joon Hyung နဲ့ Hoseok Hyung ဒီဟာလေးကိုလေ...."

စသည်ဖြင့် တစ်ယောက်တစ်မျိုးအကူအညီတောင်းရင်း အိမ်အသစ်လေးထဲ ဆူညံနေသည်။
အိမ်အသစ်ကိုနှစ်ယောက်တည်းပြောင်းနေကြပြီဖြစ်တာမို့ Married life မှာ ပထမဆုံးဖြတ်သန်းကြမဲ့
Valentine ကို အမှတ်တရရှိစေချင်တာကြောင့် အထူးတလည်ပြင်ဆင်နေတာဖြစ်သည်။

"Yoongi Hyung မှန်တယ်သိလား။ အိပ်နေတာပဲကောင်းတယ် အချစ်ရေးအချစ်ရာတွေဆိုတာလေ လုံးဝမကောင်းဘူး။ ဒီလိုနေ့မျိုးလေး ကိုယ့်ချစ်သူနဲ့ romantic ဆန်ဆန် ဖြတ်သန်းနေရမဲ့အစား ဒီလိုမျိုးတွေနဲ့ သူငယ်ချင်းလာဖြစ်နေတော့ မလွှဲသာပဲ လိုက်လုပ်ပေးနေရတယ်။"

"Kim Tae Hyung ငြီးတွားမနေဘဲ မြန်မြန်လေး လုပ်ပေး"

"လုပ်နေတယ်ဟေ့"

တီးတောင်!! တီးတောင်!!

"ဘာလဲ Jimin ပြန်ရောက်လာတာလား။ မင်းသေချာမလုပ်ထားဘူးလား"

"သေချာပြောထားတယ် အလုပ်ကိစ္စအရေးကြီးလို့ ငါ့ကိုယ်စားသွားပေးဖို့ ဒီလောက်စောစောပြီးမှာမဟုတ်တာ သေချာတယ်။"

"ဘယ်လိုလုပ်ကြမလဲ"

"ဘယ်လိုမှမလုပ်ခင် အရင်သွားကြည့်"

"နေအုံး Jimin ဆိုရင် bellမတီးဘဲ အိမ်ထဲကိုတန်းဝင်လာမှာပေါ့ ခုက Jimin မဟုတ်ဘူးထင်တယ်။"

"Nam Joon Hyung ပြောတာဖြစ်နိုင်တာပဲ Jimin ကအိမ်ထဲဝင်ဖို့ bellတီးမှာမဟုတ်ဘူး။"

"Jung Kook မြန်မြန်သွားကြည့်လိုက်"

တံခါးဖွင့်လိုက်တော့ Jimin မဟုတ်ဘဲ ဖေဖေဖြစ်နေသည်။

"ဖေဖေ!! ဘယ်ကနေဘယ်လို.."

"ဒီနားက အသိတစ်ယောက်ဆီကိုလာရင်းလမ်းကြုံတာနဲ့လေ ဝင်ခဲ့တာ"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now