Part 35

1.4K 79 8
                                    

Unicode

"J​oon!! မြန်မြန်လုပ်လေ နောက်ကျတော့မှာပဲ"

ပွဲသွားဖို့ပြင်ဆင်နေတာခုထိမပြီးနိုင်တဲ့ Nam Joon ကို Seok Jin တစ်ယောက်လှမ်းအော်ပြီးသတိပေးနေရခြင်းဖြစ်သည်။
သတို့သားတွေထက်တောင် ပိုပြီးပြင်ဆင်နေသေးသည်။

"ပြီးပါပြီဗျ"

"ပြီးရင်လာခဲ့တော့ ပွဲမစခင်ကတည်းကရောက်အောင်လာဖို့ Jungkookie ကနားငြီးလောက်အောင်မှာသွားတာ မရောက်ရင်ရစ်လို့ပြီးမှာမဟုတ်တော့ဘူး။ "

ပြောလည်းပြောရင်း စောင်းနေတဲ့ Nam Joon ရဲ့
necktie ကိုသေချာပြန်ပြင်စည်းပေးလိုက်သည်။

"ဘယ်လိုပဲနေနေအရမ်းချောနေတော့တာပါပဲ။ခုက ကျွန်တော်တို့လက်ထက်ပွဲနေ့ကိုတောင် ပြန်သတိရသွားတယ်။အဲ့နေ့က အတောက်ပဆုံးပဲ "

"ငါချောတာ ငါသိပါတယ်။ခု​တော့ သွားကြရအောင်"

လူအေးကြီးဆီက တစ်ခါတစ်လေကျရင်လည်း ရံဖန်ရံခါ ဒီလိုအနုအရွအချစ်စကားလေးတွေကြားရတတ်ပါသည်။
ရှက်လာတာမို့ မသိဟန်ဆောင်ကာ ပြောပြီးရှေ့ကနေအရင်ထွက်လာလိုက်သည်။

"ဟူးးရင်တွေခုန်အောင်"

ရင်ဘက်လေးဖိပြီးကားပေါ်တက်သွားတဲ့ တစ်ဦးတည်းသောအမျိုးသားလေးကို ပြုံးပြီးကြည့်ရင်း Nam Joon လည်းနောက်ကလိုက်လာခဲ့သည်။
..............................

အခမ်းအနားတစ်ခုလုံး ပန်းတွေအပြင် အသုံးအဆောင်တွေက အစ အဖြူရောင်တွေချည်းပဲသုံးထားကာ အရိုးရှင်းဆုံးနဲ့ အလှဆုံးဖြစ်နေသည်။
Wedding hall မှာမဟုတ်ပဲ Outdoor မှာစီစဥ်ထားတာကြောင့် တိမ်တွေကင်းစင်နေတဲ့ ကောင်းကင်ပြာအပြင် စိမ်းစိုနေတဲ့ဘေးပတ်ဝန်းရှူခင်းရယ် အဖြူရောင်တွေသုံးပြီးပြင်ဆင်ထားတာမို့ မျက်စိအေးစေပြီး လှလိုက်တာလို့ ရေရွတ်ရတဲ့အထိ ပွဲတစ်ခုလုံးက
ပြည့်စုံနေသည်။

"နှိုက်စားနေတာ တော်တော့ ခုနကတည်းက ဓာတ်ပုံရိုက်ဖို့တဲ့ လာခေါ်နေတာ သွားရအောင်။"

"Jin Hyung တို့ရောက်မှလေ...ဒါလေးနည်းနည်းစားလိုက်အုံးမယ်။"

"ပြီးရင် အေးဆေးစားလို့ရသေးတာကို"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Where stories live. Discover now