Part 30

1.5K 79 4
                                    

Unicode

"ဟော!! သား Jiminie အိမ်ကိုမလာတာတောင်ကြာနေပြီ။ခုမှပဲ ပေါ်လာတော့တယ်ကွယ်။"

"ဟုတ်ကဲ့ အန်တီ ကျောင်းကိစ္စတွေနဲ့မအားလို့ပါ။"

"အေးပေါ့ စီနီယာတွေဖြစ်သွားပြီဆိုတော့ အရင်ကထက် စာတွေပိုများပြီး ကျောင်းကအစီအစဥ်တွေနဲ့ အားလပ်ချိန်တွေနည်းကုန်တာပေါ့။"

"ဟုတ်တယ် အန်တီ"

"ရော့ သားလေး အအေးသောက်နှင့်အုံး ညစာစားပြီးမှပြန်နော်။ အန်တီ ညစာအတွက်ပြင်ဆင်လိုက်အုံးမယ်။"

စကားပြောနေရင်း အန်တီက,ထသွားကာ ဖန်ခွက်တစ်ခုထဲ လိမ္မော်ဖျော်ရည် ထည့်လာပေးသည်။

"ဟုတ်ကဲ့ အန်တီ ညစာစားပြီးမှပြန်လိုက်မယ်။"

"ဟိုကလေး သောက်ရင်တစ်ခါတည်းမီးဖိုခန်းထဲကနေ သွားထည့်လာခဲ့"

​နောက်မှ အိမ်ထဲဝင်လာတဲ့ Jungkook ကိုမြင်တော့ လှမ်းပြောတာဖြစ်သည်။

"ထည့်တိုက်လေ မေမေရာ"

"မွေးတုန်းက လက်နှစ်ဖက်ထည့်ပေးထားတာပဲ
ကိုယ့်ဘာသာသွားထည့်သောက်။"

ပြောစရာစကားတွေပါပျောက်ပြီး ဆွံ့သွားရသည်။
သားများမှားနေသလားလို့လေ။ အဲ့ဒါတောင် ဆရာကြီးတို့က အိမ်ကိုအသိပေးမဲ့ကိစ္စကို ကြောက်နေသေးသည်။ အိမ်ကလူတွေကလည်း သူမှသူ။

"ဘယ်မှာထားလဲဆိုတာ မသိဘူးလေဗျာ"

"ရှာဖွေသောက်ပေါ့။"

ထပ်ပြောစရာ မလိုတော့အောင် နင်သွားရသည်။

"သားမေမေတောင်ပြောသေးတယ် အိမ်ကJungkookie ပြန်မရောက်တစ်ပတ်လောက်က
ကျောင်းကခရီးသွားရသေးတယ်ဆို။"

အဟွတ်!! အဟွတ်!!

လူကြီးတွေကတော့ သဘောရိုးနဲ့မေးတာဆိုပေမဲ့
မရိုးမသားလုပ်ထားတာက ကိုယ်တွေဖြစ်နေတာမို့
မလုံမလဲဖြစ်သွားရသည်။
သောက်နေတဲ့ လိမ္မော်ရည်တွေပါ ထသီးကုန်တဲ့အဖြစ်!!

"အယ် သားလေးရယ် ဖြည်းဖြည်း ဟို
Jungkookie ရေခဲ့ခပ်အုံး။ "

"ဗျာ!! ဟုတ်ကဲ့ လာပြီ"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Dove le storie prendono vita. Scoprilo ora