' နေ ... ဦးလေး သွားကြည့်လိုက်မယ်။'

ဟော်ရှင်း ဦးလေး သွားဖွင့်မယ် ဆိုပေမယ့် တံခါး ကို သေမလိုတောင် ခေါက်တာဆိုတော့ ဘယ်သူလဲ သိချင်တာကြောင့် နောက်က လိုက်သွားလိုက်သည်။

~~~~~~~~

ကုတင် တစ်ခုပေါ်တွင် ကောင်လေး တစ်ယောက်က ပုခုံးသားပေါ်ပြီး ဘေးတစ်ဖက် စောင်းပြီး အိပ်ပျော်နေတယ်။

နောက်တစ်ယောက်ကလည်း ခုန ဘေး တစ်စောင်း အိပ်နေတဲ့ ကောင်လေး ဘက်ကို မျက်နှာမူပြီး အိပ်နေတယ်။ လက် တစ်ဖက် ကလည်း အိပ်ပျော်နေတဲ့ ကောင်လေးကို ဖက်လျက်သားပေါ့။

ရိပေါ် သူ ချစ်တဲ့ ရှောင်း ကို ဖက်ပြီး အိပ်နေရင်းနဲ့ ဆတ်ခနဲ ဖြစ်သွားပြီး မျက်လုံး  ကလည်း ချက်ချင်း ပွင့် လာသည်။

* ရှောင်း !!!!*

မျက်လုံး ပွင့်တာနဲ့ ချစ်ရသူ နာမ်စားကို ခေါ်ပြီး ဘေးကို ကြည့်တော့ သူ့ကို ချစ်တဲ့ ရှောင်း က အိပ်ပျော်နေလျက်သား။

ရိပေါ် ရှောင်း ဘက်ကို ထပ်တိုးပြီး ပိုပြီး တင်းကျပ်အောင် ဖက်ရင်း ပုခုံးသားလေးကို တစ်ချက် နမ်း လိုက်သည်။ သူ ရှောင်း ကို အရမ်းချစ်တယ်။ ရှောင်း ကို ကာကွယ်ပြီး အနားမှာ ခေါ်ထားနိုင်ဖို့ ဘာမဆိုလည်း လုပ်ရဲတယ်။

' အင်း !!!!.'

ရိပေါ် သူ ဖက်လိုက်လို့ အသံ ထွက်လာတဲ့ ရှောင်း ကို စောင် ရဲ့ အပြင်ဘက်ကနေ ဖွဖွ လေး ပုတ်ပေးပြီး ပြန်သိပ်လိုက်သည်။

ဒါပေမယ့် သူ ကတော့ ပြန်အိပ်မပျော်နိုင်တော့ပါ။

အိပ်မက်ထဲမှာ ရှောင်း က နောက်ကို တစ်ချက်မှ လှည့်မကြည့်ပဲ ပင်လယ် ထဲ ထွက်သွားတယ် ဆိုပြီး မက်တာကြောင့် အိပ်မက် ထဲမှာတင် အိပ်မက် ပဲ ဖြစ်စေချင်ခဲ့လို့ ရှောင်း ကို အဆုံးရှုံး မခံနိုင်တဲ့ အပြင်က ခန္ဓာကိုယ် ကလည်း မျက်လုံး အမြန်ပွင့်အောင် နှိုးဆော်ပေးလိုက်တာ ဖြစ်မည်။

~~~~~~~~~

' ဝမ်ရိပေါ် ဘယ်မလဲ ...'

' ဖယ်စမ်း ... ဒါ ... ဝမ်ရိပေါ် အိမ် ဆို ...။ သူ ဘယ်မှာလဲ?

What's wrong? ( Completed )Where stories live. Discover now