"မင်းတော့ကလေးထိန်းနေရမှာပဲ"
"ဗျာ"
"ဟုတ်တယ်လေ အရာရာနမော်နမဲ့နိုင်တဲ့အိမ်ကကလေးကြီးကိုလေ"
မမလေးမှ နာရီကိုသူ့အားကမ်းပေးလျက်ဆိုသည်။
"မမလေးသိနေခဲ့တာလား"
"အင်းပေါ့တို့ညီအမတွေမှာကတစ်ယောက်နဲ့တစ်ယောက်လျှို့ဝှက်ချက်မရှိတာမလို့ သူစိမ်းအဝင်မခံတဲ့အိပ်ခန်းကို ဟိုတစ်ခါချော်လဲတုန်းကမင်းကိုအဝင်ခံထဲကသိနေခဲ့တာ ကဲပါသွား တော်ကြာနောက်ကျရင်ရစ်နေအုံးမယ်မင်းကို"
"ဟုတ်ကဲ့ ဒါဆိုခွင့်ပြုပါအုံးနော်"
"အေးအေး"
နေမျိုးကျက်သရေလဲနာရီလေးကို သူ့ရဲ့ အနက်ရောင်လွယ်ကြိုးပိုက်ဆံအိတ်လေးထဲထည့်ကာ ပြန်ထွက်လာသည်။
"ပြီးကြပြီလား"
"ကြာပေါ့"
"နေကြီးကဘယ်ကိုထွက်သွားတာတုန်း"
"ဒီတိုင်းပဲကိစ္စလေးရှိလို့"
"ဒါနဲ့လက်ထဲကအထုပ်လေးကဘာလေးလဲဟင်"
လမင်းမှာသူ့ရဲ့လက်ထဲကမုန့်ထုပ်အားမျက်စောင်းထိုးေနခြင်းဖြစ်သည်။
"ဘာမှမဟုတ်ဘူး သွားမယ်"
"ဟွန့် သူ့မုန့်ကိုများကပ်စီးကလဲနည်းတာ"
"ကဲပါလမင်းချိုရယ် သွားကြရအောင်နောက်မှငတ်"
သိမ့်တုန်မှာလမင်းချိုအားဂုတ်က ဆွဲလျက်ရှေ့ကသွားသည်။နောက်မှာတော့ပုတီးရယ်ခင်ကြီးရယ်နှင့် နေကြီးပါလာသည်။
ကျောင်းဝန်းနဲ့နီးကပ်လာတာနဲ့ကြားရေသာအသံချဲ့စက်ရဲ့ ကထိန်သီချင်းများနဲ့ ပဒေသာပင်များနဲ့မြင်နေရသောကျောင်းသားကျောင်းသူများမှာကျောင်းသားဘဝရဲ့ပျော်ရွှင်ဖွယ်ပွဲတော်တွေထဲမှ ကထိန်ပွဲတော့ရဲ့အလှအပတွေဖြစ်သည်။
"နေကြီး ဒီနှစ်အတွက်ပဒေသာပင် အများဆုံးကဘယ်အတန်းလဲ"
(ပုတီး)"ရှစ်တန်းပဲထင်တယ်ဟ သူတို့ပဲသိန်းလေးဆယ်လောက်ရှိတယ်"
(နေကြီး)"ဘဝက ကထိန်ဆိုအဲ့အတန်းကိုနိုင်ဖို့ကံမပါဘူးနဲ့တူတယ်"
(သိမ့်တုန်"
![](https://img.wattpad.com/cover/334667145-288-k621583.jpg)
ŞİMDİ OKUDUĞUN
Appreciate the flower you wear
Romantizmအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...
အပိုင်း(၃၅)
En başından başla