"သားကြီးတို့အချစ်ဆိုတာဘာလဲ"
"ဇီးထုပ်လေ စားမလို့လားနေကြီး ရော့"
ပုတီးတို့အိမ်ရဲ့အပေါ်ဆုံးထပ် လသာဆောင်တွင်ဖြစ်သည်။
ဆရာမမလာသေး၍ ကျူရှင်သူ ငါးယောက်လုံးအပြင်ထွက်ထိုင်နေကြသည်။မုန့်စားသူကစား ကျောင်းကအိမ်စာရေးသူကရေးပေါ့။ခင်ကြီးကတော့အောက်ထပ်သို့ခဏဆင်းသွားလေသည်။"တော်ပါပြီနင်တို့ပါသာမျို ငါကအကောင်းမေးနေတာကို"
"ဪအကောင်းပဲဖြေနေတာပဲလေ"
"ငါပြောတာနှလုံးသားကလာတဲ့အချစ်ကိုပြောတာ"
"သိမှမသိပဲရှင်းအောင်ပြော အခုစားနေတဲ့အချဉ်ထုပ် ထင်လို့ပေါ့၊ နေကြီးဆိုရင်ရောဘာဖြေမလဲ"
"အင်းးးး"
မိုးကောင်းကင်အားကြည့်ကာသေချာစဉ်းစားနေစေသာနေကြီးရဲ့အဖြေကိုပုတီးနဲ့လမင်းချိုမှမုန့်စားရင်းစောင့်စားလျက်
"အပျိုကြီးဗျို့အပျိုကြီး"
ဟန်ပန်အမူအယာဖြင့်သေချာစဥ်းစားနေသောလဲ လှေကားမှကြားရသောအသံကြောင့်နောက်သို့လှည့်ကြည့်လိုက််ကြသည်။
ခင်ကြီးမှာ အမောတကောနဲ့အပေါ်သို့ပြေးတက်လာပုံပေါ်သည်။
"ဘာလဲကွ အမောတကြီး အပျိုကြီးလို့ခေါ်ပြီးတက်လာတာ"
"အပျို အပျိုကြီးရောက်လာပြီ လာ လာလဲကြည့်ကြအုံး"
စကားများဟာလဲအထစ်ထစ်အငေါ့ငေါ့။
"ဘာဖြစ်လို့တုန်းကွ ဆရာမလာတာ အလန့်တကြား"
"ဟုတ်ပါ့ ခင်ကြီးရယ် သရဲတွေ့တာကျလို့"
နေကြီးပြောသောစကားကိုအရွှေမှလဲထောက်ခံသည်။
"သရဲထက်ဆိုးတယ်ဗျ ချော ချောချက်ဗျာ"
"ဟေ ချော ချောတယ်လို့ပြောလိုက်တာလား"
"ဟုတ်တယ်"
"ရပြီ တစ်ယောက်မှလိုက်မလာနဲ့ မင်းတို့စာသင်ဖို့နေရာမှာပဲစောင့်"
နေကြီးတစ်ယောက်အမြန်ထကာအနောက်တောင်လှည့်မကြည့်ပဲအောက်ထပ်သို့ပြေးဆင်းသွားသည်။
YOU ARE READING
𝘈𝘱𝘱𝘳𝘦𝘤𝘪𝘢𝘵𝘦 𝘛𝘩𝘦 𝘍𝘭𝘰𝘸𝘦𝘳 𝘠𝘰𝘶 𝘞𝘦𝘢𝘳
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...