"နေမျိုးကျက်သရေ"
"ဟဲ့ သေနာလေးထတော့ ဘယ်အချိန်ရှိပြီလဲ ဒီနေ့ကျောင်းစတက်ရမဲ့ဟာကို နေဖင်ထိုးအောင်အိပ်နေတယ် နေထွက်တာနဲ့တမျိုးလုံး ကျက်သရေ ဆောင်အောင် နေမျိုးကျက်သရေလို့ပေးထားပါတယ် ဘယ့်နှဲ့ ဒင်းကနေဝင်မှအိပ်ယာထတဲ့အမျိုး ငါ့ကိုစောစော စီးစီးကျက်သရေမရှိအောင်လုပ်ပြီ"
မနက်တိုင်းကြားနေရတဲ့ဓာတ်ပြားဟောင်းကြီးကဒီနေ့မှပိုတိုးလို့ ကျယ်နေသလိုပင်။
"ဟူး ထပြီ မွေးသမိခင်ကြီးရေ တကယ်ပါပဲ သူများတကာ အိပ်မက်ထဲမှာ ချစ်သူလေးနဲ့တူတူသာယာနေတာကို"
"အေးပေါ့ နှမြောသင့်ပါတယ် နင့်လိုလူကအိမ်မက်ထဲမှာပဲရည်းစားရနိုင်တာဆိုတော့လဲ"
"ဟ"
ယောင်္ကျားအချစ်ခံနေရသော မွေးမေကြီးဆိုတော့လဲ ဟ တစ်လုံးကလွဲ၍ပြန်ပြောနိုင်စွမ်းမရှိပါ။
အမေအသစ်ချုပ်ပေးသော ကျောင်းဝတ်စုံရင်ဖုံးထမိန်အဖြူအစိမ်းကိုသာဝတ်ပြီး အပေါ်ကအနွေးထည်ထပ်လိုက်သည်။ဘယ်လိုပင်မိန်းမလိုဝတ်ဝတ် gym ဆော့၍ Manly ဖြစ်နေသောခန္ဓာကိုယ်မှာ အနွေးထည်မှမထပ်လျှင် ကျားကို crop top ဝတ်ပေးထားသလိုပင်။ သနပ်ခါးဆိုတာလဲ သူများတွေအတွက်အေးပင်မဲ့ မိမိအတွက်ကတော့ပါးပေါ်သို့ မီးခဲတွေပုံထားသလိုပင်။
"ဟဲ့မျက်နှာပြောင်နဲ့လား"
"အမေ့သားကမျက်နှာပြောင်နဲ့မလို့စော်ကြည်နှုန်းလျော့မသွားပါဘူးဗျ"
"တော်စမ်းပါ အရည်မရအဖတ်မရ လာစားမနက်စာ"
"ဒါနဲ့အမေကျွန်တော်အခုဘယ်အတန်းလဲ"
"ဟဲ့ ကိုယ်တက်နေတဲ့ အတန်းတောင်မသိဘူးလားဟဲ့ "
ပျံဝဲလာတဲ့ လက်တစ်စုံရဲ့ အခေါက်ခံမှုပြီးမှာတော့ brainကအလုပ်ပြန်လုပ်ကာ အတန်းကိုမှတ်မိခဲ့ပြီ။ ဪ ကိုးတန်းကို။
မနက်စာကိုလျင်မြန်စွာစားရပေသည် အချိန်မှာ ၈:၃၀ပြီ။
အိမ်နဲ့ကျောင်းဟာသိပ်မဝေးသည့်အတွက် လမ်းလျောက်၍သာထွက်လာခဲ့သည်။
"ဟဲ့ ကောင် ငါ့စောင့်အုံး"
"ဟာအမေ ဘာလိုက်လုပ်မှာတုန်း"
VOCÊ ESTÁ LENDO
𝘈𝘱𝘱𝘳𝘦𝘤𝘪𝘢𝘵𝘦 𝘛𝘩𝘦 𝘍𝘭𝘰𝘸𝘦𝘳 𝘠𝘰𝘶 𝘞𝘦𝘢𝘳
Romanceအဲ့တာကြောင့်.. အဲ့ဒီအပျိုကြီးယောင်္ကျားမရတာ...