ကျုရှင်မှာအိမ်နှင့်အရမ်းတော့မဝေးလှပေ။ နေကြီးလဲဆိုင်ကယ်ဦးထုတ်ချွတ်လိုက်ပြီးဆိုင်ကယ်ပေါ်မှဆင်းလိုက်သည်။ထို့နောက်ဘက်ကြည့်မှန်မှတစ်ဆင့်ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်လိုက်သည်။
*သွားပါပြီ ဆိုင်ကယ်ဦးထုတ်ဆောင်းလာတာငါ့ဆံပင်တွေပွကုန်ပြီ အချိန်တွေအများကြီးပေးခဲ့ရတာကို*
"အောက်မလေး"
ထိုအချိန်အိမ်ထဲမှထွက်လာသောပုတီးမှာနေကြီးကိုတွေ့တော့လန့်ပြီးနောက်ဆုတ်တာအိမ်တံခါးနဲ့ခေါင်းနဲ့စောင့်သွားလေသည်။
"သေပါပြီနေကြီးရယ် ရောက်နေတာအိမ်ထဲဝင်ပါလား ဘာလို့ရှေ့ကြီးမှာရပ်နေတာလဲ လန့်တာ"
"နင့်ပါ့နင် အတွေးကမ္ဘာထဲမျောပြီးလွင့်လာတာလေ ငါ့ဆံပင်ပုံစံပျက်သွားလို့စိတ်ညစ်ရတဲ့ကြားထဲမှာ သူကတစ်မျိုး"
"ခုမှပဲကြည့်မိတယ် နေကြီးတယ်မိုက်နေပါလားဒီ နေ့cool👍"
"ဒီလိုပါပဲ လူတိုင်းကတော့ကျွန်တော့်ကိုအဲ့လိုပဲချီးမွန်းတက်ကြပါတယ်"
"ဪ"
တစ်ခါလေးေမြှာက်ပြောမိပါတယ် အမြှောက်လွန်သွားသောနေကြီးကြောင့် ပြောမိသည့်ကိုယ့်ပါးစပ်ကိုသာအပစ်တင်ရပေမည်။
"ဒါနဲ့ကျန်တဲ့လူတွေရော"
"မရောက်ကျသေးဘူးလေ ဪ ဟိုမှာလာပြီခင်ကြီးတော့"
"မင်းတို့ကလဲအချိန်မတိကျလိုက်တာ လေးနာရီခွဲကွက်တိဖြစ်နေပြီကို"
ရောက်ချင်းဆောက်နဲ့ထွင်းလိုက်သောနေကြီးကြောင့်
"ဟုတ်ပါပြီ ကျွန်တော့်အမှားပါ"
*တွေ့မယ်သူ့အပျိုကြီးနောက်ကျမှအဲ့လိုမပြောရင် နေကြီး*
"ကဲကလေးတို့လာကြ"
"ဟုတ်ကဲ့ ဆရာမနီ"
ဆရာမနီမှာပုတီးရဲ့အမေဖြစ်ပြီး 11တွေကိုmathသင်သောဆရာမဖြစ်သည်။အခုလဲနေကြီးတို့eng ပြီးရင်ဆရာမနဲ့ပဲ mathဆက်သင်မှာဖြစ်သည်။
နေကြီးတို့လဲစာကအပေါ်ထပ်မှာသင်မည်ဖြစ်၍ အပေါ်သို့တက်လာကြသည်။