နှစ်သင်းက ခန်းမထဲတွင် တွေ့သွားသည်။ လီရွှင်ဖုန်းက ကျန်းကျိရင်ကို မြင်သောအခါ သူ၏ မျက်လုံးက မှေးကျဥ်းသွားသည်။ သူက အော်ရယ်ကာ လက်ဆန့်တန်းလိုက်ပြီးနောက် ခေါင်းညိတ်ကာ ညင်သာခိုင်မာသော အပြုအမူမျိုးဖြင့် ပြောလိုက်သည်။

"ခေါင်းဆောင်ကျန်း"

သူကလည်း ကျန်းကျိရင်၏ နာမည်ကို ယခင်က ကြားဖူးပေလိမ့်မည်။ ထို့နောက် သူကားပေါ်မှာ တွေးထားခဲ့သော ကျန်းကျိရင်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ မည်သို့ပင်ဆိုစေ ထိုနာမည်များက ကြားရခဲလေသည်။

ကျန်းကျိရင်ကိုယ်တိုင်ကလည်း လီရွှင်ဖုန်းကဲ့သို့သော လူမျိုးက မျက်နှာပေါ်တွင် စမြင်ကတည်းက အခွင့်အရေးရသည်နှင့် ခက်ခဲအောင်လုပ်မည်ဆိုပြီး ရေးထိုးထားသော ယို့ခွန်းကဲ့သို့သော လူမျိုးထက် ကိုင်တွယ်ရ ခက်ခဲကြောင်း သိထားကြသည်။ တစ်ဘက်သူက တစ်မိနစ်အတွင်း အသက်ကို ယူနိုင်သည်။ သို့သော် ထို့နောက်တစ်ခဏတွင်မူ ရယ်မောစွာ စကားပြောနေပေလိမ့်မည်။ ထိုကဲ့သို့သော လူမျိုးက တစ်ခါတစ်ရံတွင် ယုံကြည်ရသော ဆက်ဆံရေးတစ်ခု ရှိသည်ဟု ထင်ပြီးမှ ရုတ်တရက် နောက်ကျောမှ ဓားနှင့်ထိုးကာ သေစေအောင် ထိုးနှက်သွားမည့်သူမျိုးဖြစ်နိုင်ပေသည်။

ကျန်းကျိရင် မျက်တောင်ရှည်သည်။ သူ၏အမျိုးသမီး လုပ်ဖော်ကိုင်ဖက်များကပင် သူ့ကို မျက်တောင်အတု တပ်ထားသည်ဟု နောက်လေ့ရှိကြသည်။ သူက ညတိုင်း မျက်လုံးမှိတ်ကာ အိပ်စက်ချိန်၌ ယင်ညန်က ရောက်လာကာ သူ၏ မျက်ခုံးနှင့် မျက်တောင်များ နမ်းရှိုက်ရခြင်းအား သဘောကျသည်။ ထို့နောက် သူ့ကို ပွေ့ဖက်ပြီးမှ အားသုံးကာ လွှမ်းမိုးပေလိမ့်မည်။

67 02

ထိုအချိန်တွင် ကျန်းကျိရင်က သူ၏မျက်လွှာကို ​ချလိုက်ပြီး ထိန်းချုပ်ရန်ခက်ခဲလွန်းသည့် မုန်းတီးမှုများကို ဖုံးကွယ်လိုက်သည်။ သူက မျက်လုံးပြန်ဖွင့်ကာ မျက်ခွံပြန်မလိုက်ချိန်တွင် လီရွှင်ဖုန်းကို ပြန်ကြည့်လိုက်ပြီး အပြုံးနှင့်နှုတ်ဆက်လိုက်ပြီဖြစ်သည်။

"ခေါင်းဆောင်လီ၊ ငါတို့နောက်ဆုံး တွေ့ခဲ့တဲ့အချိန်ကတည်းက ငါကမင်းကို တအားယုံကြည်ထားခဲ့တာပါ၊ ခေါင်းဆောင်လီရဲ့ ရေစွမ်းရည်က အရမ်း အင်အားကြီးတယ်လို့ ငါ ကြားထားတယ်၊ အချို့ရက်တွေမှာ မင်းဆီလာပြီး သင်ယူချင်ပါသေးတယ်"

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now