နတ်ဆိုး

Start from the beginning
                                    

''ဒေါက်!!,,,ဒေါက်!!,,''

'' joongnie, ,,''

အခန်းတခါးခေါက်သံနှင့်အတူ Minnie ရဲ့ ကျွန်တော့် နာမည် ခေါ်သံကြောင့် ကျွန်တော် မှိတ်ထားသည့် မျက်လုံးကို ဖွင့်လိုက်သည်,,,, ပြီးတော့ ပါးပြင်ပေါ်စီးကျနေသည့် မျက်ရည်များကို သုတ်ကာ အခန်းတခါးရှိရာ လျှောက်သွားလိုက်သည်,,,, ကျွန်တော့်ရဲ့ ရှုပ်ထွေးနေသည့် အတွေးများကြား Minnie ကို စိတ်မညစ်စေချင်ပါ,,, ကျွန်တော် အခန်းတခါးကို ဖွင့်လိုက်တော့ ကျွန်တော့်ကို ပြုံးပြနေသည့် Minnie ရဲ့ အေးချမ်းသည့် အပြုံးကို မြင်တော့ ကျွန်တော် စောစောက စိတ်ပူပန်မူတွေ ခဏအတွင်း ငြိမ်းချမ်းမူကို ခံစားရကာ ကျွန်တော် Minnie ကို ပြန်လည် ပြုံးပြလိုက်သည်,,,

'' နိုးနေတာ ကြာပြီလား,,''

'' ဟင့်အင်း,, အခုလေးတင်မှ နိုးတာ,,,''

ကျွန်တော် Minnie ရဲ့ အမေးကို ခေါင်းခါပြီးဖြေလိုက်သည်,,, Minnie က ကျွန်တော့်ရဲ့ အနီရောင် ခပ်ဖျော့ဖျော့ ဆံပင်ပျော့ပျော့လေးကို လက်ဖြင့် ဖွကာ ,,,

'' လာ မျက်နှာသစ် ,,, မနက်စာစားရအောင်,,,''

'' အင်း ,,,''

ကျွန်တော် အခန်းတခါးကို ဖွင့်လျှက် ကုတင်ဘက် လျှောက်သွားလိုက်ပြီး ကုတင်ပေါ်မှ စောင်ကို ခေါက်သိမ်းလိုက်သည်,,,,

'' အိပ်လို့ပျော်ရဲ့လား,,,''

အခန်းထဲသို့ ဝင်လာရင်းမေးလိုက်သည့် Minnie စကားကို ကျွန်တော် အိပ်ယာသိမ်းမပျက်ပြုံးကာ

'' အိပ်ပျော်ပါတယ်,,, အခုတောင် arjuma ဟင်းနံကြောင့် နိုးလာတာ,,,''

Minnie က ကျွန်တော့် စကားကို ပြုံးကာနေလျှက် အခန်းထဲက စားပွဲပေါ်က Minnie နှင့် ကျွန်တော် ကျောင်းတုန်းက အတူတွဲရိုက်ထားသည့် ဓါတ်ပုံကို ယူကြည့်နေသည်,,,, ကျွန်တော် yunho ဆီရောက်နေသည့် 8လတာကာလအတွင်း arjuma က ကျွန်တော့်ရဲ့ ဒီမြေအောက်ခန်းလေးကို အမြဲသန့်ရှင်းရေးဝင်လုပ်နေသည်ထင်,,,, ကျွန်တော် ပြန်ရောက်ရောက်ချင်းအချိန်မှာပင် အခန်းက ပြောင်းလဲမူမရှိ အရင်အတိုင်း နွေးထွေးလျှက်,,, သင်းပြန့်လျှက်,,,,

'' ဒီနေ့ ရိုက်ကွင်းမသွားဘူးလား,,,''

'' သွားမှာ နေ့ခင်းမှပါ,,''

နတ်ဆိုးWhere stories live. Discover now