✿︎ 5 ✿︎

En başından başla
                                    

" အဟက်....ဟက်"

sky ခြောက်ကပ်ကပ်ရီလိုက်ပြီး စားနေခြင်းကိုလက်စသက်လိုက်၍ ခုံမှထလိုက်ကာ မိဘနှစ်ပါးကို ကြည့်လိုက်ပြီး....

"ဒီမှာဒယ်ဒီနဲ့မာမီ ...ဒီမနက်တော့ စကားမများချင်လို့ ကိုယ့်ဘာသာအေးဆေးစားနေတာကို ဘာတဲ့...  ဘာလိုချင်လဲဟုတ်လာ မုန့်ဖိုးလိုချင်ရင်ပြောတဲ့ဟုတ်လာ.....  ဒယ်ဒီတို့ခေါင်းထဲမှာ ပိုက်ဆံဘဲရှိတာလာ.. တစ်ချိန်လုံး ပိုက်ဆံ ပိုက်ဆံ ဘဲပြောနေကျ.. ပိုက်ဆံရဖို့ လုပ်နေကျတာ...ဒယ်ဒီတို့  ပိုက်ဆံနဲ့ဘဲယူလိုက်ကြပါလာ ဘာကိစ္စ ကျွန်တော့ကိုမွေးထားသေးလဲဟမ်!!

ကျွန်တော်ဘာလိုချင်လဲ သိလာ...ကျွန်တော့မှာလိုအပ်တာတစ်ခုလေး အာ့က ဒယ်ဒီနဲ့မာမီဆီက ဂရုစိုက်မှု လေးတင် ခဗျားတို့က တစ်ချိန်လုံး ပိုက်ဆံသာထိုးပေးတာ ဒီsပိုက်ဆံတွေရပြီး ကျွန်တော်က ဘာလုပ်ရမှာလဲ "

"ဟျောင့်..sky မင်းမရိုင်းနဲ့ မင်းကိုငါတို့မွေးထားတာနော် မိဘကို ဒီလိုပြန်ပြောစရာလားကွ"

"ဟားး ဟားး သွန်သင်ဆုံးမပေးမဲ့မိဘမှမရှိတာ ရိုင်းမှာပေါ့ ဆန်းလား ဟုတ်တယ်မလားမာမီ"

"ဖြန်းးး"

မာမီ့ရဲ့ရိုက်ချက်ကြောင့် sky ရိုက်ခံထိတဲ့ပါးစောင်ကိုလျှာနဲ့ထိုးလိုက်ပြီး မျက်ခုံးတစ်ချက်ပင့်လိုက်ကာ...

" ဘာလဲ အနာထိတော့စပ်တာလား.."

"ဒီမှာသား သားသိအောင်ပြောလိုက်မယ် ခုမာမီတို့ရှာသမျှတွေက အကုန်သားအတွက်ကြီးဘဲ သားကိုဘယ်သူ့မှမော်မကြည့်ရဲအောင်လို့ တစ်ချိန် မာမီတို့မရှိတော့ရင် လောကကြီးမှာသားအေးဆေးနေရအောင်လို့..."

"တော်ပါတော့!! ပြောလိုက်ရင် ဒါပဲ သားတွက်ကြီး သားတွက်ကြီးနဲ့ ကျွန်တော် ဒါတွေမလိုချင်ဘူး မမက်ဘူးဗျ ကျွန်တော်ဆင်းရဲလည်းဖြစ်တယ် တစ်နေ့လုပ်ပြီးတစ်နေ့စားလည်းဖြစ်တယ် ဂရုစိုက်မှုနဲ့ပြည့်စုံနေတဲ့မိသားစု နွေးထွေးမှုအပြည့်နဲ့သာမန်အိမ်ကလေးတစ်လုံး လောက်သာလိုချင်တက်မက်မိတာပါ သူများအမြင်မှာ ကျွန်တော့ကို အားကျတယ် ချမ်းသာပြီး လက်ညိုးညွှန်ရာရေဖြစ်အောင်ဖန်တီးပေးတဲ့မိဘရှိလို့တဲ့ ကျွန်တောင်သူတိုသိအောင်ပြောလိုက်ချင်ရဲ့ ငါလည်းမင်းတို့ကိုအားကျတယ် မချမ်းသာပေမဲ့ မင်းတို့က ကိုယ့်မိဘနဲ့ပျော်ပျော်ရွှင်ရွှင်နေရတယ်လို့လေ။

Unlimited LoveHikayelerin yaşadığı yer. Şimdi keşfedin