"ချိုချဥ်စားလိုက်"
"ရပြီ..ကျေးဇူးပါပဲ"
ရွှီဆွေက ပေါ့ပေါ့ပါးပါး ငြင်းလိုက်ပြီးသည်နှင့် ထွက်သွားမည်ပြုရာ သူမ၏လက်မောင်းမှာ လှမ်းဆွဲခံလိုက်လေပြီး သူ့လက်ဖဝါးကြောင့်နွေးခနဲဖြစ်သွားခဲ့ရာ ခပ်ကြမ်းကြမ်းနိုင်၍အရေပြားထက်၌ အသားမာတချို့ခပ်ပါးပါးရှိသည့် ယောက်ျားလေး၏လက်ဖဝါးတစ်ဖက်မှာ သူမ၏နူးညံ့ညံ့အရေပြားပေါ် ထိတွေ့လာလေသည်။ ဤခံစားချက်မှာ ရင်းနှီးလွန်းလှသလို ဟိုအရင်တချိန်အား သိမ့်ခနဲ ပြန်သတိရအောက်မေ့မိကာ မီးတောက်လိုပူပြင်းလွန်းသည့်အထိအတွေ့တို့ကြောင့် သူမ အလိုလိုရုန်းပစ်တော့၏။
ဘယ်လိုပင်ရုန်းနေပါစေ ကျိုးကျင်းဇယ်မှာတော့ တုတ်တုတ်မျှမလှုပ်။
ရွှီဆွေ သူ့အား တည့်တည့်မော့ကြည့်လိုက်ပြီး စကားလုံး တစ်လုံးချင်းစီအား ညင်ညင်သာသာခပ်တိုးတိုးသာဆိုလိုက်၏။
"ငါ နင့်ကို သတိပေးရဦးမှာလား..ငါတို့က လမ်းခွဲခဲ့ပြီးသားနော်"
ကျိုးကျင်းဇယ်၏မျက်နှာအမူအရာမှာ တင်းခနဲဖြစ်သွားပြီး ဆုတ်ကိုင်ထားသည့်အားကိုလျော့ပေးလိုက်သဖြင့် ရွှီဆွေ ရုန်းရလွယ်ကူသွားခဲ့၏။ တိုက်တိုက်ဆိုင်ဆိုင် မလှမ်းမကမ်းမှနေ၍ သူမအား လှမ်းအော်ခေါ်လာခြင်းကြောင့် ရွှီဆွေလည်း အသံတစ်ချက်ပြုပြီး သူ့ဘေးနားမှဖြတ်လျှောက်သွားလိုက်ရာ ကျိုးကျင်းဇယ်၏တံတောင်ဆစ်ကို မတော်တဆတိုက်မိသွားခဲ့သည်။
တစ်ဖက်လူမှာ အဝေးသို့ထွက်သွားပြီဖြစ်သော်ငြား သူမ၏ခန္ဓာကိုယ်ထက်မှ ကမ်မလီယာပန်းရနံ့သင်းသင်းလေးမှာတော့ လေထုထဲကျန်ရစ်နေဆဲ...
တည်ရှိသလိုလို ပျောက်ကွယ်သွားသလိုလို ရနံ့တစ်ခုဟာ ထိုလူသားလေးနှင့်တူညီစွာပင် ပေါ့ပါးနေသည့်အသွင်မျိုးယောင်ဆောင်ထားသည့် အားကောင်းသန်မာလှသောဖြစ်တည်မှုမျိုး။
လက်ဖဝါးထဲမှ ပူရှိန်းချိုချဥ်မှာ ကွန်ကရစ်ကြမ်းခင်းပေါ်ပြုတ်ကျသွားပြီး ချက်ချင်း ဖုန်ပေသွားခဲ့ရသည်။ ကျိုးကျင်းဇယ်သည် အလိုမရှိစွာစွန့်ပစ်သွားခဲ့သည့်ချိုချဥ်လေးကို ကောက်ယူပြီး ရေပိုက်နားသို့သွားကာ ရေပိုက်ကိုဖွင့် ၊ ရေဆေးချလိုက်၏။
YOU ARE READING
ဖွင့်ဟဝန်ခံခြင်း [ ဘာသာပြန် ]
Romance--ကောင်းကင်ပြင်ကြီး ခြားနားထားမှန်း သိနေတာတောင် ချစ်ခြင်းမေတ္တာတွေကို နေ့တိုင်း စာအိတ်လေးထဲ ထည့်ထားတုန်းပါပဲ--
Chapter 57
Start from the beginning