101:ငါကမီးပါ

Start from the beginning
                                    

သူကတစ်ခြားတစ်ယောက်ကိုချစ်မိနေပြီ?...
ဟဲကျင့်ကဒီအကြောင်းကိုဘာလို့ဘယ်တုန်းကမှ မပြောခဲ့တာလဲ?...

သူ ကsingle မဟုတ်​ဘူးလား? ပြီးတော့ သူ အဲ့ဒီကောင်မလေးနဲ့ လမ်းခွဲခဲ့ပြီးသားမဟုတ်ဘူးလား?

သူတို့ကျောင်းမှာတုန်းက ဟဲကျင့်က ဂိမ်းထဲမှာပဲ ဖြစ်ဖြစ် အတန်းတက်တာပဲဖြစ်ဖြစ်သာလုပ်လေ့ရှိပြီးသူ့မှာ အချိန်ပိုကျန်ခဲ့ရင်တောင် အားလုံးကို ချင်ယွီ က သိမ်းပိုက်ထားတာလေ အဲ့ဒါကို သူက
တခြားတစ်ယောက်ကိုချစ်မိသွားဖို့အချိန်ရှိတုန်းပဲလား? ဒီလူက ဆင်ခြေရှာနေတာ ဖြစ်နိုင်လောက်လား?

နောက်ပြီး ယောက်ျားတစ်ယောက်က သူ့ကို သဘောကျတယ်လို့ ပြောတဲ့အခါမှာလိင်အမျိုးအစားကိုအရင်အာရုံစိုက်သင့်တာမလားနော်?ဆင်ခြေပေးတယ်ဆိုရင်တောင် ဒီလိုအဖြေမျိုးမ
ပေးသင့်ဘူး!

"မင်း လိင်တူချစ်ကြိုက်တာကို မမုန်းဘူးမလား?" ချင်ယွီ က စိုးရိမ်တကြီးနဲ့

"ဒါဆို မင်းဘယ်သူ့ကိုချစ်မိသွားတာလဲ?"

ဟဲကျင့် က နောက်ကို ခြေတစ်လှမ်းဆုတ်ပြီး သူ့စိတ်ထဲ အော်ပြောလိုက်တယ် - မင်းအရူးလား ! မင်းမသိဘူးလား??!!

ဒါပေမယ့် ဟဲကျင့်သာသူ့ကို ပြောခဲ့မယ်ဆိုရင် ချင်ယွီဟာဟဲကျင့်ကအရာအားလုံးကို သိခဲ့ပြီးပြီဆိုတာ မကြာခင် သိသွားလိမ့်မယ်..

ဟဲကျင့် က တုန်ယင်စွာနဲ့ပြောလိုက်သည်။

"ဂိမ်းထဲက တစ်ယောက်ကို..."

သူက ချင်ယွီ ကသူ့ကိုလုပ်ခဲ့တဲ့အတိုင်းပြန်ပြီးကလဲ့စားချေချင်နေလေရဲ့ ။သူကချင်ယွီကိုတွန်းအားပေးဖို့ မရည်ရွယ်ပါဘူး ဒီတိုင်း သူ့ပြိုင်ဘက်ကသူကိုယ် တိုင်ဆိုတာ သိသွားရင် ချင်ယွီဘယ်လိုတုံ့ပြန်မလဲဆိုတာ သိချင်ရုံလေးပါပဲနော်!

ချင်ယွီရဲ့ မျက်နှာသည် ချက်ချင်းပင် ထူးဆန်းသွားသည်။ဂိမ်းထဲကတစ်ယောက်?အဲ့ဒါသူကိုယ်တိုင်ကိုပြောတာဖြစ်နိုင်လောက်လား?

ချင်ယွီ သည် အမှောင်ထုထဲမှ ဆွဲထုတ်ခံလိုက်ရပုံရသည်။သူသည် သူစိတ်မရှုပ်ထွေးတော့ပဲ ဒီအဖြေကိုသိဖို့ကိုပိုပြီးတော့တောင်တက်ကြွသွားသေး!

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now