098:ကျွန်တော့်ကောင်လေးမဟုတ်ဘူး!

Start from the beginning
                                    

ဟဲကျင့်ဟာတွေးကြည့်လိုက်တဲ့အခါမှာတော့ သူဘယ်တော့မှလက်မခံခဲ့တဲ့နိဂုံးချုပ်ရလဒ်ကို အခုတော့သူလက်ခံလိုက်ရလေရဲ့။

K က သူ့အမူအရာကိုလေ့လာကြည့်ပြီးနောက် ပြုံးကာဖြင့်

"ဒါဆို မင်း တစ်ခါမှ မရှိဘူးပေါ့ ဟုတ်တယ်မလား?"

ဟဲကျင့်:"ဟုတ်တယ်..."

တကယ်တမ်းတော့ တုန်ရွှမ်ကိုသာမက ဟဲကျင့်သည် အလွန်တင်းကျပ်သော ကြီးကြပ်မှုအောက်တွင် ကြီးပြင်းလာချိန်မှစ၍ ထိုအရာများနှင့်ပတ်သက်၍ များစွာမတွေးခဲ့မိချေ။ ဆယ်ကျော်သက်အရွယ်တွင် ရှိသင့်သည့် ဗီဇအားလုံးကို ချိုးနှိမ်ထားဖို့သင် ကြားခံခဲ့ရတယ်လေ။ တက္ကသိုလ်မှာလည်းဟဲကျင့် ကသူ့အတန်းဖော်တွေporn အကြောင်းနဲ့ နာမည် ကြီးအမျိုးသမီးတွေအကြောင်းပြောတာတော့ကြားမိပါရဲ့ ဒါပေမယ့်လဲ သူစိတ်မဝင်စားခဲ့လေဘူး။အဲ့ဒါကြောင့်မလို့မျောက်က သူ့ကိုဘုန်းကြီးလိုရှင်သန်နေတယ်လို့အမြဲပြောနေတာကထူးဆန်းတာတော့ဟုတ်မနေဘူး

ဒါကြောင့်မလို့ သူအသက်23 နှစ်ယောက်အထိ သူ့ကို လိင်ပိုင်းဆိုင်ရာနှိုးဆော်နိုင်သော တစ်ဦးတည်းသောလူမှာ ချင်ယွီသာလျှင် ဖြစ်ပါ၏။

K က ကိစ္စတစ်ခုလုံးကို သိလုနီးနီးဖြစ်ကာ သူခန့်မှန်း လိုက်လေသည်။

"ဟေး ဟိုနေ့က လာလည်တဲ့လူချောလေးလား?"

ဟဲကျင့်ကခေါင်းငုံ့လိုက်သည်မှာ 90 ဒီဂရီလောက်နီးနီးပဲ

"ဟုတ်တယ်..."

K က ချက်ချင်းပင်ရယ်လာပြီး

"ဟားဟား တွေ့လား! သူကမင်းကိုလိုက်ချင်နေပါတယ်လို့ ငါပြောခဲ့သားပဲ!"

ဟဲကျင့်ရှက်လွန်းလို့ သူ့လက်တွေမှာချွေးတွေတောင်ထွက်လာလေရဲ့

"မနေ့ညကမှ သိလိုက်တာ"

မနေ့ညကမှ ချင်ယွီသည် မီးဖြစ်ကြောင်းကိုသိခဲ့ရပြီး သူသဘောကျနေတဲ့သူကလဲသူ့ကိုစောင့်နေကြောင်းသိခဲ့ရလေရဲ့။

K က "အာ"လို့ဆိုလာလေသည်။ကြည့်ရတာသူအကုန်လုံးကို နားလည်သွားပြီထင်ပါရဲ့။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now