097:ကောင်းကောင်းအနားယူလိုက်ဉီး

Start from the beginning
                                    

ဘယ်လိုပဲဖြစ်ဖြစ် အခုစဉ်းစားကြည့်လိုက်တော့ ချင်ယွီက သူ့ကိုတစ်လျှောက်လုံးလိမ်နေခဲ့တာပေါ့လေ?

ဟဲကျင့် သည် သူ့အတွေးထဲတွင် နစ်မြောနေခဲ့သည်။ သူက မျက်လုံးတွေကိုမှိတ်ထားပြီး ချင်ယွီက ဒီလောက်ဆိုးတဲ့လူ မဖြစ်လောက်ပါဘူးလို့
ကိုယ့်ကိုယ်ကိုအယုံသွင်းလိုက်၏။ အွန်လိုင်းမှာ အရမ်းနာမည် ကြီးနေတဲ့အတွက်ကြောင့် ပြဿနာ
မှန်သမျှကို ရှောင်ရှားနိုင်ဖို့ ဒီအထောက်အထားကို လက်တွေ့ဘဝမှာ ဖုံးကွယ်ထားချင်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်တာပါပဲလေနော်။

အနည်းဆုံးတော့ မီး သည် အားကျင့်နဲ့ လက်တွေ့က
ကိစ္စနဲ့ဂိမ်းထဲကကိစ္စကို မဆက်နွယ်စေရဘူးဆိုတဲ့ သဘောတူညီချက်ကိုပြုလုပ်ပေးခဲ့သေးတာပဲ
နောက်ဆုံးမှာတော့ ကတိမတည်ခဲ့ပေမယ့်လဲပေါ့လေ။

အဲ့ဒါက အဲ့ကတိကြောင့် ချင်ယွီက သူက မီးပါဆိုပြီးမပြောခဲ့တာများလား?

ဟဲကျင့် သည် ချင်ယွီ အတွက် အကြောင်းပြချက် ရှာရန် ကြိုးစားခဲ့သည်။ ဒါပေမယ့် လူနှစ်ယောက် ကို တစ်ချိန်ထဲချစ်မိသွားပြီဆိုပြီး သူ့ကိုယ်သူ တွေးမိနေလို့ ဘယ်လောက်တောင် စိတ်ပျက်၊စိုးရိမ်စိတ် တွေ ခံစားခဲ့ရလဲ?သူ့ကိုယ်သူ အပြစ်တင်စိတ်တွေ
ဖြစ်ခဲ့ရလဲ? ချင်ယွီကတော့ သူအဲ့လိုတွေခံစားရနေရတာကိုမသိခဲ့လေဘူးဟဲကျင့်တွေးလေလေဒေါသမထွက်ပဲမနေနိုင်ခဲ့ချေ။...

ချင်ယွီ က ဒါတွေအားလုံးကို တမင်ဖြစ်ပါစေဆိုပြီးမရည်ရွယ်ဘူးဆိုတာ သူသိပေမဲ့ ဟဲကျင့်ဟာ ဒီ
လှည့်စားမှုတွေ အလိမ်အညာတွေနဲ့ playခံလိုက်ရတယ်လို့ ခံစားနေရပါတယ်နော်

သို့သော် ဒီဒေါသကို ကြိုးစားပြီးဘေးဖယ်ထားလိုက်သောအခါ ဟဲကျင့်သည် သူစိတ်လှုပ်ရှားလွန်းလို့ ထုံတောင်ထုံလာသလိုပဲရယ်

ဒီအမှန်တရားက သူဖြစ်စေချင်နေတာနဲ့ အတိအကျဖြစ်နေလို့လေ။သူ့စိတ်ထဲတွင် သက်ပြင်းချရင်း

"အာ ဒါဆိုချင်ယွီက မီးဖြစ်နေပြီးတော့ သူတို့က
တစ်ယောက်ထဲပေါ့နော် "

ပြီးတော့သူချစ်ရတဲ့သူကလည်း သူ့ကိုချစ်နေတယ် ဆိုတာ သိလိုက်ရတော့ သူဟာ ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးလူတစ်ယောက်ဖြစ်လာခဲ့တယ်။ သူ့အိမ်မက်ထဲမှာ ရှိနေသလိုမျိုး ရောထွေးနေတဲ့ စိတ်ခံစားချက်တွေအားလုံးနဲ့ပြည့်နှက်နေခဲ့တယ်
- ဒေါသ၊ ရုန်းကန်မှု၊ ကြည်နူးမှု၊ ရှုပ်ထွေးမှုတွေ... ဟဲကျင့် က သူ့ရဲ့ လက်ရှိစိတ်အခြေအနေကို ဖော်ပြဖို့ စကားလုံးပင်မရှိတော့ပါဘူး။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now