Thank You All

2.7K 129 40
                                    

Unicode

Harry Potter Series ထဲက "Obliviate" ဆိုတဲ့ Spell လေးကို သိကြလား။ မသိလည်း ဘာမှ မဖြစ်ပါဘူး။ ဒီ ဇာတ်လမ်းလေးက အဲ့ဒီ Spell နဲ့ မဆိုင်ပါဘူးနော်။ ;P

အဲ့ဒီညတုန်းက "ဗညားထွဋ်ခေါင်" တစ်ယောက် မူးပြီးတော့ သူ့စိတ်ထဲ တွေးမိတွေးရာတွေ လျှောက်တွေးပြီး အဲ့ဒီ ဂါထာကို လျှောက်ပြောရုံ ပြောခဲ့တာပါ။ "ဗညားထွဋ်ခေါင်" ဟာ သူရွတ်လိုက်တဲ့ Spell ကြောင့် သူ့နားကလူတွေက သူ့ကိုမေ့သွားတာ မဟုတ်ဘဲ၊ သူဟာ အပြိုင်ကမ္ဘာထဲကို ရောက်သွားတာပဲ ဖြစ်ပါတယ်။ အားလုံးသိပြီးသား ဖြစ်ပေမယ့် ဒီဇာတ်လမ်းဟာ မှော်ပညာနဲ့ မဆိုင်ကြောင်း ထပ်ပြောပြတာပါ။

မှော်ဆန်တာတစ်ခုကတော့ မတူညီတဲ့ ကမ္ဘာနှစ်ခုက ကောင်လေးနှစ်ယောက် မှော်ဆန်စွာ ချစ်မိသွားကြတာပါပဲ။

အခုဆို ဗညားက ကိုခန့် အနားကို ပြန်ရောက်သွားပြီ မို့လို့ စိတ်ချရပါပြီ။ အကယ်၍ သူ့ကမ္ဘာကို ပြန်လာခဲ့ရတယ်ဆိုရင်လည်း အခုလိုပဲ နောက်တစ်ကြိမ် အလည်ပြန်သွားဖို့ အခွင့်ကြုံဦးမှာပါပဲ။

ဇာနည်ကလည်း ရဲမြတ်ထွဋ်ခေါင်ကို မျှော်နေမှာပါ။ Yangon နဲ့ Bangkok က နီးနီးလေးမို့လို့ အရမ်းလွမ်းလာရင် ရဲမြတ်ထွဋ်ခေါင်က သူ့ကလေးဆီ ပြေးလာပြီး တွေ့ပါလိမ့်မယ်။

- ပိုင်ခန့်ကို
- ဗညားထွဋ်ခေါင်
- ရဲမြတ်ထွဋ်ခေါင်
- ဇာနည်
- မမ မေသဇင် တို့ကို နှုတ်ဆက်ရင်း Magic Hides My Man လေးကို ဖတ်ပေးခဲ့တဲ့သူလေးတွေကို ကျေးဇူးတင်စကား ပြောချင်ပါတယ်။

အစကနေ အဆုံး ဖတ်ပေးခဲ့တဲ့ တစ်ယောက်ချင်းစီ၊ Vote & Cmt အမြဲပေးပြီး အားဖြစ်စေခဲ့တဲ့ တစ်ယောက်ချင်းစီတိုင်းကို တကယ် ကျေးဇူးတင်ပါတယ်။ Cmt တွေကို Reply ပြန်ရင် Emoji တွေပဲ အမြဲပြန်တယ်ဆိုတာက ဘာပြန်ပြောရမှန်း မသိလို့ပါ။ ဥပမာ - se လား he လား ဆိုပြီး မေးတာမျိုးဆို တစ်ခုခုပြန်ဖြေလိုက်ရင် Spoil သလို ဖြစ်သွားမှာမို့ပါ။ ရေးပေးကြတဲ့ Cmt လေးတွေကို သေချာဖတ်ပါတယ်။ တစ်ခေါက်တည်းတောင် မဟုတ်ပါဘူး။ သဘောကျလို့ ခဏ ခဏကို ဖတ်တာပါ။

Parallel Universe နဲ့ Timeline Shifting အကြောင်းအရာများ အပါအ၀င်၊ Fic ထဲမှာ ပါ၀င်တဲ့ အချို့အချက်အလက်လေးများ လွဲမှားမှု ရှိခဲ့သည် ရှိသော် ရေးတဲ့သူရဲ့ လွဲချော်မှုလို့ သဘောထားပြီး ခွင့်လွှတ်ပေးကြစေလိုကြောင်း။

Magic Hides My ManWhere stories live. Discover now