Part 17

4K 298 11
                                    

Unicode

၀ပ်ရှော့ အနောက်ဘက်က ဘေစင်မှာ လက်ဆေးနေသော ပိုင်ခန့်ကိုဆီသို့ ခပ်သုတ်သုတ် လျှောက်လာသော ကိုမင်းသူ။ အရှေ့ကိုလည်း လှည့်ကြည့် လှည့်ကြည့် လုပ်နေသေးသည်။

"ကိုခန့် ..."

"ကား ထပ်၀င်လို့လား ဆရာ"

ပိုင်ခန့်ကို လှမ်းမေးလိုက်တော့ ခေါင်းခါသည်။ မျက်နှာတော့မကောင်းချေ။ နံရံကပ်စင်ပေါ်က တစ်ရှူးလိပ်ကိုယူကာ လက်သုတ်ရင်း ကိုမင်းသူအနားထိ လျှောက်သွားလိုက်ကာ -

"ဘာဖြစ်လို့လဲ ဆရာ"

"ဧည့်သည်ရောက်နေတယ် .. မင်းကောင်ကို လာမေးတာ"

"ဘယ်သူ့ကို ...၊ ဗညားကိုလား"

ကိုမင်းသူက "အေး" ဟုဆိုကာ ခေါင်းညိတ်သည်။ ဗညားမှာ တခြားအသိမိတ်ဆွေမှ မရှိဘဲ။ ဘယ်သူကလာမေးတာပါလိမ့် ဟု တွေးကာ အရှေ့ကို ထွက်လာဖို့ပြင်တော့ ကိုမင်းသူက လှမ်းတားသည်။

"နေဦး ... ပြဿနာတော့ တက်လို့မရဘူးနော် ကိုခန့်၊ အခုလာတာ တခြားသူမဟုတ်ဘူး၊ ဦးထွဋ်ခေါင်သား ရဲမြတ်ထွဋ်ခေါင်"

"ဗျာ ... ရဲမြတ်ထွဋ်ခေါင်၊ သူက ဒီကို ဘာကိစ္စရှိလို့လဲ"

"ငါ ဘယ်သိမလဲ၊ ဗညားဆိုတဲ့ကောင်က လူမရှိတော့တာတောင် ပြဿနာကို ချန်ထားခဲ့သေးတဲ့ကောင်"

ပထမဖြစ်ထားသောပြဿနာကို သိပ်ကျေနပ်ပုံမရသော်လည်း၊ ပိုင်ခန့်ကိုက လူရင်းဖြစ်နေတာကြောင့်ရော၊ ၀ပ်‌ရှော့အတွက် အစစအရာရာစိတ်ချရတာကြောင့်ရော၊ အလုပ်မှာ ပြန်ခေါ်ထားတာ ဖြစ်သည်။

ကိုမင်းသူကို ဘာမှ ပြန်ပြောမနေတော့ဘဲ အရှေ့ကို ထွက်လာခဲ့လိုက်သည်။ ၀ပ်ရှော့ထဲမှာ ရဲမြတ်ထွဋ်ခေါင်ဆိုသောကောင်က မင်းသားတစ်ယောက်လို ဘေးက အခြွေအရံ ငါးယောက်လောက်နှင့်အတူ ရပ်နေ၏။ ပိုင်ခန့်ကို ကိုမြင်တော့ ဘေးကကောင်တွေက ရဲမြတ်ထွဋ်ခေါင်ထံ မသဲမကွဲ တစ်စုံတစ်ခု လှမ်းပြောသည်။ ရဲမြတ်ထွဋ်ခေါင်ကလည်း ခေါင်းညိတ်သည်။

ထိုငါးယောက်ထဲမှ အရပ်ပုပြတ်ပြတ်၊ ခန္ဓာကိုယ်တောင်တောင့်နှင့်ကောင်က အရင်ဆုံးစမေးလာသည်။

Magic Hides My ManOnde histórias criam vida. Descubra agora