Chapter 25

134 22 0
                                    

Chapter 25
မင်းသက်သာလာမှဖြစ်မယ်

__
သူ့အသံက အနည်းငယ် ကျယ်လာခဲ့သည်။ ပတ်ပတ်လည်တွင် လူနာများစွာရှိနေပြီး သူတို့ကိုကြည့်လာကြသည်။

လူအုပ်ကြီးက ကျိုးကျွမ်ကို စိတ်မသက်မသာဖြစ်စေသည်။ သူမက မသိမသာ ယင်းချန်း၏အင်္ကျီကို ဆောင့်ဆွဲလိုက်သည်။

ယင်းချန်းက သူမလက်ကိုဖယ်ပြီး ရှုနဉ်ကို အန္တရာယ်ပြုမည့်ဟန်ဖြင့် စူးစူးစိုက်စိုက်ကြည့်လိုက်သည်။

“သူက ငါ့ကို အရင်ရိုက်တာ ငါက ပြန်တိုက်ခိုက်ရုံပဲရှိတာ သူက သေလောက်အောင် အရိုက်ခံရသင့်တာ အဲဒီခွေးကောင်လေးက”

ရှုနဉ်က ထိတ်လန့်သွားရသည်။

ယင်းချန်းက ဘေးနားက လူများကိုအော်ပြောလိုက်သည်။ “သူအရင်စလို့ ငါလက်တုံ့ပြန်တာ သူသေရင်တောင်မှ ငါနဲ့ဘာမှမဆိုင်ဘူး”

“သူက ခင်ဗျားသားလေ ဘယ်လိုတောင် သူ့ကို ဒီလိုပြောရက်ရတာလဲ” ရှုနဉ်က ဒေါသထွက်နေခဲ့သည်။

“ခင်ဗျားအရင်စတယ်ဆိုတာ အသိသာကြီး”

“ဘယ်မှာလဲ သက်သေ မင်းမှာ သက်သေရှိလို့လား” ယင်းချန်းက လက်ဖြန့်ပြပြီး ရှက်စရာကောင်းအောင် ပြုမူနေသည်။

“ငါတို့ သူ့ကို အခုထိ မွေးမြူခဲ့တဲ့အပိုင်းက ပြီးပြီ အခုကျမှ သူ့အတွက် ယွမ်တစ်သိန်းအကုန်ခံခိုင်းနေတာလား အိပ်မက်ဆက်မက်နေလိုက်လေ”

စကားဝိုင်းတစ်ခုလုံးကြားလိုက်ရသည့် သူတို့အနားကလူတွေက အမှန်တရားကို ကြားလိုက်ရတဲ့နောက်မှာတဖြည်းဖြည်း စိတ်မချမ်းမသာဖြစ်လာကြတယ်။သူတို့က ကျိုးကျွမ်နဲ့ ယင်းချန်းကို ထောက်ပြ အပြစ်တင်နေကြသည်။

“သူတို့က ဘယ်လိုမိဘမျိုးတွေလဲ ကိုယ့်ကလေးကိုယ်တောင် ICU ရောက်အောင် ရိုက်နှက်ကြရတယ်လို့။”

“ကိုယ့်သားသမီးအရင်းမဟုတ်တဲ့ကလေးတွေကို ချစ်ဖို့ခက်တယ်ဆိုတာ တကယ့်ကိုသေချာတယ် သူတို့ သူ့ကို ကောင်းကောင်းမဆက်ဆံဘူးဆိုတာ သေချာတယ်။”

“ကျစ်...ကိုယ့်ကလေးကိုယ် ဆေးရုံရောက်အောင်လုပ်ပြီး သူတို့က ပိုက်ဆံကျတော့ မပေးချင်ကြဘူး။”

သနားစရာကောင်းတဲ့ ဗီလိန်လေးကို ကယ်တင်ခြင်းWhere stories live. Discover now