ယင်းချန်းက ဝက်လိုအိပ်နေသဖြင့် ဘာမှမတုံ့ပြန်ပေ။

ယင်းမင်ကျန်းက အနီးနားက စတိုးဆိုင်ကိုသွား၍ ရုပ်အဆိုးဆုံးသောဆံပင်တုကို ဝယ်လာခဲ့လိုက်သည်။ သူက နေထိုင်ရာပတ်ဝန်းကျင်နှင့် အလွန်ရင်းနှီးနေသည့်အတွက် ဘယ်နေရာမှာဘာရောင်းမှန်းသိသည်။ ဆံပင်တုဝယ်ပြီးနောက်တွင် အိမ်သို့ ညစာပြင်ရန်ပြန်လာခဲ့သည်။

ရှုနဉ်က ကျိုးကျွမ်ကိုဆက်သွယ်ထားပြီး ည ၉နာရီ ပထမထပ်တွင်တွေ့ရန် ချိန်းထားသည်။

ကျိုးကျွမ်က မရောက်သေးချေ။ ရှုနဉ်က လှေကားဆစ်ချိုးနားရှိ ခုံတန်းလျားတွင်ထိုင်နေပြီး စောင့်နေလိုက်သည်။

သူတွေ့ခဲ့ပြီးကြားခဲ့သည့်အရာက သူ့အပေါ် ကြီးမားသည့်သက်ရောက်မှုရှိနေသည်။

အိမ်ပြန်ပြီး ထိုအကြောင်းကို ခဏစဉ်းစားပြီးသည်နှင့် ထိုလူက မည်သူဖြစ်ကြောင်းကို နောက်ဆုံးမှာ မှတ်မိသွားခဲ့ရသည်။ သူတို့၏ အိမ်နီးချင်းရပ်ကွက်တွင် ထိုသူနေခဲ့ဖူးသည်။ ပါပါးရှုကပင် သူနှင့် ယခင်က စကားပြောခဲ့ဖူးသေးသည်။ သူက ယဉ်ကျေးပြီး ခံညားသည့်ပုံစံရှိသည်။ သူက ကုမ္ပဏီတစ်ခုက စီမံခန့်ခွဲရေးတွင်အလုပ်လုပ်နေသူဖြစ်ကြောင်းကို ရှုနဉ်ကြားသိခဲ့ဖူးသည်။ သူ့မိန်းမကလည်း အလွန်အထင်ကြီးဖွယ်ကောင်း၏။ သူမက တက္ကသိုလ်တွင် ပါမောက္ခဖြစ်သည်။

ရှုနဉ်က ခိုးယူလုယက်မှုအကြောင်းလည်း ကြားခဲ့ရသည်။ သူက ထိုကိစ္စနှင့်ပက်သက်ပြီး ကောင်းကောင်းကြီးမှတ်မိသည်။ ထိုအချိန်တုန်းက အိမ်နီးချင်း များက ထိုအကြောင်းကိုသာ နေ့တိုင်းပြောဆိုနေခဲ့ကြသည်။ မစ္စချိုက်နှင့် ပါပါးရှုက နေ့တိုင်း ထိုအကြောင်းကိုပြောခဲ့ကြပြီး ၎င်းတို့၏အတွေးအမြင်များကို ဖော်ပြခဲ့ကြသည်။ ယင်းမင်ကျန်းဆီက မသင်ယူဖို့ကိုတောင် သင်ခန်းစာပေးခဲ့ကြသေး၏။

ထိုကိစ္စက အလွန်ကြီးမားသည့်ကိစ္စဖြစ်ခဲ့သည်။

ကံကောင်းစွာနှင့် နစ်နာသူက ယင်းမင်ကျန်း၏ မိသားစုအခက်အခဲအခြေအနေကို ထည့်သွင်းစဉ်းစားပေးပြီး ထိုကိစ္စကို အလွန့်အလွန်အထိ မလိုက်ခဲ့ပေ။ ယင်းမိသားစုဆီမှ လျော်ကြေးကိုလည်း မတောင်းခံခဲ့သဖြင့် ကိစ္စက ထိုမျှနှင့်သာပြီးဆုံးသွားခဲ့သည်။

သနားစရာကောင်းတဲ့ ဗီလိန်လေးကို ကယ်တင်ခြင်းWhere stories live. Discover now