Description

684 34 0
                                    

[ သနားစရောကောင်းတဲ့ ဗီလိန်လေးကိုကယ်တင်ခြင်း ]

Description

ရှုနဥ်က CEO ဝတ္ထုတစ်ပုဒ်ကို ဖတ်လိုက်ရသည်။ ထိုထဲတွင် လှပပေမယ့် ကြေကွဲစရာကောင်းတဲ့အဆုံးသတ်ကိုပိုင်ဆိုင်တဲ့ ဗီလိန်လေးတစ်ယောက်ရှိနေသည်။  သူက ချမ်းသာတဲ့မိသားစုရဲ့သခင်ငယ်လေးအစစ်အမှန်ဖြစ်တာ ထင်ရှားပေမယ့်လည်း သူ့ခမျာ မွေးကတည်းက ကလေးချင်းအလဲခံလိုက်ရကာ ဆိုးသွမ်းရမ်းကားသူတစ်ယောက်အဖြစ်ကြီးပြင်းလာခဲ့သည်။  နောက်ပိုင်းတွင် သူက ချမ်းသာတဲ့မိသားစုထံပြန်ခွင့်ရသွားသည်။ ထို့နောက် သခင်ငယ်လေးအတုကို ဆန့်ကျင်ပြီး သူ့စေ့စပ်ထားသူအတွက် တိုက်ပွဲဝင်ခဲ့ပေမယ့် နောက်ဆုံးတွင် အဆောက်အအုံတစ်ခုပေါ်မှ ပြုတ်ကျကာ သေပွဲ၀င်လိုက်ရသည်။

သူသေဆုံးပြီးနောက်တွင် သခင်ငယ်လေးအတုက သူရဲ့ငွေကြေးဥစ္စာတွေသာမက သူ့ရဲ့စေ့စပ်ထားသူ၊ သူ့အလုပ်အကိုင်နှင့် သူ့အချစ်တွေကိုပါ အမွေဆက်ခံအပိုင်သိမ်းသွားတော့၏။

ရှုနဥ်သည် ဝတ္ထုကို ဒေါသတကြီးဆုတ်ဖြဲလိုက်ပြီးနောက် ထိုညမှာပင် စာအုပ်ထဲသို့ ကူးပြောင်းသွားတော့သည်။

ဗိန်လိန်ပေါက်စလေးက သူ့ခြေထောက်တွေကို ရှေ့နောက်လွှဲခါယမ်းနေရင်းမှ မိုးမွှန်အောင် ကျိန်ဆဲတတ်ရုံသာမက၊ ကြောက်မက်ဖွယ်ကောင်းသည့် အဆင့်များကိုပါပိုင်ဆိုင်ထားသေးသည်။ ဆံပင်ကိုလည်း အဝါတောက်တောက်ကာလာကိုဆိုးထားပြီး ဂျစ်ကန်ကန်ပုံစံကကြည့်လိုက်သည့်နှင့် ကောင်းကွပ်တစ်ခုတစ်လေပေရှိမနေချေ။

ရှုနဥ်တစ်ယောက် မျက်တောင်တဖြတ်ဖြတ်ခတ်လိုက်မိ၏ - သူ့ကို ဝေ့ မိသားစုဆီ ပြန်မပို့ခင် အပြောင်းအလဲလေးတချို့ ကြိုးစားပြီး လုပ်ပေးကြည့်ရတာပေါ့  မဟုတ်ရင် ဝေ့မိသားစုဆီကနေ ငြင်းပယ်ခံရလိမ့်မယ်...။

ရှုနဥ်ထံမှပြုပြင်ပြောင်းလဲပေးခြင်းခံရပြီးနောက်...။

ဗီလိန်ပေါက်စလေးက သူ့ ခြေထောက်တွေကို မလှုပ်ယမ်းတော့သလို ဆဲဆိုတာမျိုးကိုလည်း ရပ်လိုက်ချေပြီ။ သူ့ရဲ့အမိုက်စား မျက်စိကျိန်းစရာဆံပင်ကေကို ဖြတ်ပစ်လိုက်ပြီးနောက် သူက နတ်သားလေးတစ်ပါးကဲ့သို့ ချောမောလှပလာရုံသာမက အတန်းတွေအကုန်လုံးရဲ့ ထိပ်ဆုံးပထမနေရာကိုပါ ရရှိသွားတော့သည်။

ပါးပါးရှုနဥ်တစ်ယောက် သက်ပြင်းပူကြီးကိုမှုတ်ထုတ်လိုက်ပြီးနောက် ပီတိမျက်ရည်များစီးကျလာတော့သည် - ငါတို့အိမ်ကကလေးလေးက အရမ်းတော်တယ် သူက အဲ့ဒီသခင်ငယ်လေးအတုကို ဖယ်ရှားနိုင်မှာ သေချာပေါက်ပဲ...!

ဒါပေမယ့် ကလေးလေးက အရမ်းကြီးတော်လွန်းမနေဘူးလား?

သူက ဆော့ဖ်ဝဲလ်တစ်ခုကို ပေါ့ပေါ့ပါးပါး ဖန်တီးပြီး သိန်းပေါင်းရာနဲ့ချီရောင်းစားလိုက်တယ်။

သူက စတော့ရှယ်ယာအချို့ကို ပေါ့ပေါ့တန်တန်ဝယ်ပြီး သန်းနှင့်ချီအမြတ်ရသွားတယ်။

သူ့ရဲ့ချမ်းသာတဲ့မိသားစုက သူ့ကိုရှာမတွေ့သေးခင်မှာတင် သူ့ဘာသာသူ ချမ်းသာနေပြီ။

သူငွေနည်းနည်းပါးပါးရလာတိုင်း ရှုနဥ်ကို ဟိုဟာ ဒီဟာ အစုံအလင်ဝယ်ပေးတတ်သည်။

ပြောရရင် ဗီလာတစ်လုံးတောင် ဝယ်ပေးသေးတယ်!

ရှုနဥ် (သရေယိုလျက် ) - သေစမ်း...ဒီသောက်ကျိုးနည်းဗီလာကြီးကို ငါ့အရှေ့ကနေမြန်မြန်ဖယ်သွား...ငါကိုဒါမျိုးနဲ့လာပြီးမမြူဆွယ်စမ်းနဲ့!

ယင်းမင်ကျန်းသည် သူက မူလဇစ်မြစ်သေသေချာချာမသိရတဲ့အပြင် မည်သူမျှမလိုချင်လို့ စွန့်ပစ်ခဲ့သည့် အမှိုက်ကောင်လို့သာထင်ထားခဲ့သည်။ သူကအချိန်ကြာအတော်ကြာကတည်းကပုတ်သိုးဆွေးမြေ့နေပြီးတဲ့သူ...။

ထိုနေ့မတိုင်ခင်အထိသာ...သူ့ဘဝတွင် တစ်ခုတည်းသော အလင်းရောင်ကို ထိတွေ့လိုက်ရသည်။

ထို့ကြောင့် သူက ထိုအလင်းရောင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားကာ လွှတ်ပေးရန် ငြင်းဆန်မိသည်။

သူ့အလင်းရောင်လေးကပြောတယ်...မင်းကိုယ်တိုင်ကပဲ ဘ၀ကိုအောင်မြင်တိုးတက်အောင်လုပ်နိုင်မယ်။

ထို့ကြောင့် ယင်းမင်ကျန်းက ပိုတော်ပြီး ပိုသန်မာလာဖို့ အပြင်းအထန် ကြိုးစားတော့၏။

သူ့ဘ၀ရဲ့တစ်ခုတည်းသောအလင်းရောင်ကို ကာကွယ်ချင်တယ်၊ ဘာကြောင့်ဆို သူရဲ့အလင်းရောင်လေးကပဲ သူဒီကမ္ဘာပေါ်မှာတည်ရှိနေရတဲ့ တစ်ခုတည်းသော အဓိပ္ပါယ်ဖြစ်နေလို့ပဲ...။

---------------------

•Original Title
Saving the Tragic Adonis

•Associated Names
拯救美强惨反派[穿书]

•Type
Web Novel (CN)

•Genre
Comedy School Life Shounen Ai Slice of Life

•Author(s)
Dōng Fāng Huáng Guā
Eastern Cucumber
东方黄瓜

•Status in COO
63 Chapters + 1 Extra (Completed)

•This story isn't mine.
•We're just translation.
•All credit to the original author and english translators.

သနားစရာကောင်းတဲ့ ဗီလိန်လေးကို ကယ်တင်ခြင်းWhere stories live. Discover now