094:ငါသူ့ကိုသဘောကျတယ်

Start from the beginning
                                    

ကြိုးကြာရိုင်း သည် သူ၏ပြိုင်ဘက်ကို အောင်မြင် စွာ ဖယ်ရှားနိုင်ခဲ့ပြီး ယခုအခါတွင်တော့ မီးကို ကူညီရန် ရောက်ရှိလာနေပြီဖြစ်သည်။ ရေသေသည် လည်း အကြီးစား မန္တန်များရွတ်ဆိုကာကူညီပေးခဲ့သည်။ခုနတုန်းကတောင်မှကိုပန်ဟန်ဂန်ဒတ်စ်နဲ့ ငါကနတ်ဘုရားအားလင်တို့သည် မီးကို အနိုင်မ
တိုက်နေတာကို အခုတော့ပိုပြီးတော့တောင်မဖြစ်
နိုင်တော့လေဘူး။အခြေအနေတွေကကောင်းနေရာကနေပိုဆိုးလာသည်ကို မြင်လိုက်သောအခါ
ကိုပန်ဟန်ဂန်ဒတ်စ်က တုန်လှုပ်သွားကာ ပြန်ဆုတ် ချင်ခဲ့တယ်!

ထိုအချိန်တွင် မီးသည် လေထဲတွင် 180 ဒီဂရီလှည့် လိုက်ကာသူ့ဓားရှည်ဖြင့် ပန်းယီယီ ရှိရာဖက်သို့ချိန် ရွယ်၍  ထောက်ချောက်ဆင်ခြင်းဖြင့်"flame purgatory" စကေးကို ပစ်လွှတ်လိုက်တော့သည်။အဲ့ဒါက သူတို့ ဟဲကျင့်ကို အလစ်တိုက်ခိုက်လိုက်တဲ့နည်းလမ်းနဲ့ အတူတူပဲလေ။ပြီးတော့ ပန်းယီယီကကိုပန်ဟန်ဂန်ဒတ်စ် အဓိကကာကွယ်ချင်တဲ့သူပဲ။မီး က ဒီအမျိုးသမီးကို သတ်လိုက်တာနဲ့ သူတို့ရဲ့အဓိက core ကို သတ်လိုက်တာနဲ့ အတူတူပါပဲ။

နောက်တစက္ကန့်အကြာမှာတော့မီးသည် ပန်းယီယီရှေ့သို့ရောက်သွားတော့သည်။သူ့အလျင်ကမြန်လွန်း လို့ဘယ်သူမှသေချာတောင်မမြင်လိုက်ရဘူး

သူ့ရဲ့အတိတ်က တပည့်ကို မြင်တဲ့အခါ ရက်စက်ကြမ်းကြုတ်စွာပြုမူခဲ့တယ်။ မူလက ပန်းယီယီ သည် "တိုက်ခိုက်ခြင်း" အမျိုးအစားတွင်မပါဝင်ခဲ့ဘဲ သူမရဲ့တိုက်ကွက်များသည်လည်း ချင်ယွီမှ သင်ကြားပေးခဲ့တာတွေပင်။ထို့ကြောင့် သေချာတာကတော့ သူမဟာ အချိန်တိုအတွင်းရှုံးနိမ့်သွားမှာပါပဲ.....

"ဆရာ..."

ဆံပင်ဖြူ အမျိုးသမီးက မီးကို ကြည့်လိုက်သည့်အချိန်မှာ သူမရဲ့ မျက်လုံးတွေက ဝမ်းနည်းမှု အရိပ် အယောင်တွေ ပြနေလေရဲ့။

မီး၏မျက်လုံးထောင့်များ မြင့်တက်သွားကာ သူဘာမှ မပြောဘဲ ပြင်းထန်စွာ တိုက်ခိုက်လိုက် တော့သည်။- မိုးကြိုးနဲ့ မီး!

ပန်းယီယီရဲ့ သွေးဘားသည် အောက်ခြေထိသို့ ကျဆင်းသွားပြီး သူမသည် ချက်ချင်းပင် အလောင်း အဖြစ်သို့ ပြောင်းသွားကာမြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ဒီတစ်ကြိမ်တော့ ပန်းယီယီနာမည်ကို ကိုပန်ဟန်ဂန်ဒတ်စ်က အော်ခေါ်တဲ့အလှည့်ပါပဲ။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now