093:ကောင်းကင်တိုက်ပွဲ

Start from the beginning
                                    

အဆုံးတွင်တော့ ချင်ယွီသည် လမ်းဘေးရှိ အသားကင်ဆိုင်လေးကို ရွေးချယ်ခဲ့သည်။ ညစ်ပတ်နေတာဘာညာတောင် စိတ်မ၀င်စားဘူး။ နှစ်​​ယောက်​သား ထိုင်​ပြီးနောက်တွင်တော့ အကင်ချောင်းများစွာကိုမှာလိုက်ကြတော့သည်။သူတို့က ဘီယာနှစ်ခွက် လောက်သောက်၍ စကားစမြည်ပြောခဲ့ပြီးနောက် ငွေပေးချေခဲ့ကြတယ်။ဟဲကျင့် သည် ထိုနေ့အတွက် ရရှိခဲ့သော လစာကို အလျင်အမြန် ထုတ်ယူလိုက်သည်။ ၎င်းသည် ယခင်နေ့ကရခဲ့သော ပမာဏနှင့် ပေါင်းလိုက်လျှင် ယွမ်သုံးလေးရာခန့် ရှိသည်။ သူက ပိုက်ဆံကို တင်းတင်းကြပ်ကြပ်ကိုင်ထားကာဖြင့် သူဌေးကိုဆိုလာလေသည်မှာ ချင်ယွီကရှင်းလိုက် မှာကိုစိုးရိမ်လျက်ပေါ့

"ဘယ်လောက်လဲ? ကျွန်တော်ရှင်းမယ် "

ကားရှေ့မီးမှိန်မှိန်လေးသည်သူတို့မောင်းသွားသည့်တစ်လျှောက် ဟဲကျင့်ရဲ့လှပတဲ့မျက်နှာပေါ်တွင် လင်းလက် သွားသည်။ ချင်ယွီ သည် သူနှင့်အတူ အချိန်တိုင်းရှိနေရ၍ပျော်ရွှင်နေခဲ့သည်။ သူက ဟဲကျင့် ရဲ့ မျက်နှာအမူအရာတိုင်းကို ဂရုတစိုက်နဲ့ လောဘကြီးစွာ ကြည့်နေလေရဲ့။သူ့နှလုံးသားလေးက အပျော်တွေနဲ့ပြည့်နှက်နေတယ်လို့ ခံစားလိုက်ရပြီး သူ့ဟာ "အားကျင့်" ဆိုတာကို သိလိုက်ရတဲ့အချိန်ထက် ပိုပြီး ကျေနပ်သွားသလိုတောင်ခံစားနေရတယ်နော်။

ညစာစားပြီးနောက်တွင်တော့11 နာရီထိုးခါနီးပြီပင်။ ချင်ယွီရဲ့မိသားစုသည်လည်းအိပ်နေကြပြီဖြစ်ကာသူတို့နှစ်ယောက်လည်းစကားပြောတာကိုရပ်လိုက် တော့၏။

ဟဲကျင့် သည် ပေါ့ပါးသောခြေလှမ်းများဖြင့် သူ့အိပ်ခန်းဆီသို့ ပြန်သွားခဲ့သည်။ အမြန်ရေချိုးပြီးနောက် အိပ်ရာပေါ်တက်ကာ ဦးထုပ်ဆောင်းရန် မစောင့် နိုင်တော့ပေ။ အကောင့်ဝင်သောအခါ ဘာပြဿနာမှ မဖြစ်ခဲ့ဘဲအရာအားလုံး ချောမွေ့နေလေသည်။ သုံးရက်ကြာပြီးနောက်တွင်တော့သူအွန်လိုင်းပြန်တက်ခဲ့သည်။သို့သော်လည်းဟဲကျင့်သည် သုံးနှစ်ကျော်လို့ ခံစားခဲ့ရပြီး စိတ်လှုပ်ရှားနေခဲ့သည်။

မီးရဲ့နာမည်သည်လည်းစိမ်းနေလေသည်။ဟဲကျင့်က မက်ဆေ့မပို့တော့ဘဲ ချက်ချင်းပင် မီးဆီသို့ ပြေးသွားခဲ့သည်။ မြူခိုးတွေ ပျောက်ကွယ်သွားတဲ့အခါမှာတော့ သူက ကောင်းကင်ဘုံနယ်မြေတွင် ရောက်နေသည်ကိုတွေ့လိုက်ရသည်။သူရဲ့ရှေ့မှာ မီးတင်မကဘဲ ရေသေကိုးခန်းမအရှင်မင်းမြတ်နဲ့ ကြီးမြတ်တဲ့စင်ဂယ်လေးလဲရှိနေ၏... ထို့အပြင်သူ တစ်ခါမှ မမြင်ဖူးတဲ့ သူစိမ်းသုံးယောက်လည်း ရှိနေသည်။

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now