092:Fan ကောင်းမူအကြောင်းပြု၍

Start from the beginning
                                    

တစ်ဖန် ဟဲကျင့်သည် ချင်ယွီ နှင့်ပတ်သက်သော သူရဲ့ခံစားချက်များသည် အချစ်ခြင်းဆိုင်ရာ ဒါမှမဟုတ်  လိင်ပိုင်းဆိုင်ရာလားဟု တွေးနေမိပြန်သည်။ သူK နဲ့အရမ်းတွေတိုင်ပင်ချင်ပါတယ်နော် ဘာလို့ဆိုသူတို့နှစ်ယောက်ကဂိုဏ်းတူတွေလေ။ဒါပေမယ့်လည်း K ကဘယ်လိုလူလဲဆိုတာသူသိပ်မသိဘူး ထို့ကြောင့် အဲ့လိုသာ သူတိုင်ပင်လိုက်ရင် တစ်ခုခုပြဿနာဖြစ်ပါကသူ့ရဲ့ လိင်စိတ်တိမ်းညွှန်မူကိုတိုက် ရိုက်ရင်ဆိုင်ရသလိုဖြစ်သွားမှာပင်။ပြီးတော့အခုထိဟဲကျင့်မလုပ်ချင်သေးတဲ့အရာရှိနေပြီးတော့ သူကအဲ့အရာကနေရှောင်ပြေးနေဆဲပင်။

စိတ်ထဲကရုန်းကန်မူတွေနဲ့လွန်ဆွဲမူတွေကြောင့် ဟဲကျင့်ကရူးချင်လာပြီးခေါင်းမှာလဲပေါက်ကွဲတော့မလိုပင်။သူ သူ့ကိုယ်သူအလုပ်ကိုအာရုံစိုက်နိုင်ရန် တွန်းအားပေးရုံသာရှိတော့သည်။

မနက်ပိုင်းတွင် ချင်ယွီသည် ဟဲကျင့်ကိုအလုပ်လိုက်ပို့ပြီးနောက်တွင် ဉီးထုပ်ယူကာဆိုင်သို့သွားခဲ့သည်။မထင်မှတ်စွာဖြင့် စတိုးဆိုင်ဝန်ထမ်းက ဉီးထုပ်မှာ collector edition ဖြစ်ပြီး လဲလှယ်ရန်အတွက် ပိုင်ရှင်ရဲ့ ID လိုအပ်ကြောင်းပြောလာခဲ့သည်။ထို့အပြင် data ရွေ့ပြောင်းရာတွင် error မရှိစေရန်အတွက် ပိုင်ရှင်က စတိုးဆိုင်တွင် ဉီးထုပ်ကို စမ်းသုံးကြည့်ရန်လိုကြောင်းပါပြောလာလေ၏။

ဒီဉီးထုပ်ကိုချင်ယွီကဟဲကျင့်ရဲ့ အချက်အလက်ကိုသိရဲ့ဖို့အတွက်ရအောင်လုပ်ပေးထားတယ်ဆိုတာကို စတိုးဆိုင်ဝန်ထမ်းကမသိခဲ့ချေ။ဒီလိုအခြေအနေမှာဘယ်လိုလုပ်ရမလဲဆိုတာသူဖင်းယွီဟောင်ကိုဖုန်းဆက်မေးရုံသာရှိတော့သည်။

ဖင်းယွီဟောင်သည် တစ်မနက်လုံးအဆက်အသွယ် တွေရှာပေးခဲ့ပြီးနောက်ဆုံးတော့ သူကချင်ယွီကို တရုတ်နှစ်သစ်ကူး ခုနစ်ရက်မြောက်နေ့တွင်ဂိမ်း
ကုမ္ပဏီရုံးချုပ်ကို သွားခိုင်းခဲ့ပြီး အဲ့မှာအခမဲ့ ပြင်ပေးမယ့် အထူးဝန်ထမ်းတွေရှိမှာ ဖြစ်သလိုဆယ့်ငါးရက်လောက် ကြာမယ်လို့ဆိုလာလေသည်။

ချင်ယွီကမျက်မှောင်ကြုတ်ကာဖြင့်

"7 ရက်နေ့?ပြီးတော့ 15 ရက်တောင်ကြာမယ်?မဖြစ် နိုင်ဘူး အရမ်းကြာလွန်းတယ်"

မင်းအွန်လိုင်းဖြစ်မယ့်အချိန်ကို စောင့်နေတယ်(ဘာသာပြန်)Where stories live. Discover now