12🔞

993 90 38
                                    

"Gemmmmmmm"

"ဟွန်"

"တော်ပြီလေကွာ"

ဘေစင်မှာကော်ဖီခွက်ဆေးနေတာကို သူ့ကိုယ်လုံးကြီးနဲ့နောက်ကနေအတင်းတွေပစ်မှီပြီး လိုက် ဖက်နေတာမို့ Fourth တကယ်ပဲ ဒါလေးကိုအမြင်ကပ်နေလေပြီ.....

ဘယ်တုန်းက ဒီလောက်တောင်ချွဲတက်သွားတာလဲမသိ သူ့အရပ်ကြီးမှမထောက်မထား......

"ဟေ့.....ဖယ်လို့....ဒီမှာရေတွေစိုကုန်ပြီ"

"Amore ကကွာ"

မဖယ်တဲ့အပြင်ဂုတ်ပိုးကို နှာဖျားနဲ့ထိုးမွှေ့ကာ နမ်းရှိုက်ရင်း အသံရှည်ဆွဲပြီးငြီးငြူလာပြန်သည်......

သူချွဲတာ ငြိမ်မခံနေလို့ မကျေနပ်တဲ့သဘောပင်.....

အပေါ်ထပ်ကကောင်လေးက သိပ်အချွဲသန်တာပဲ.....

"morning kiss ပေးချင်တယ်လို့......"

"ပေးပြီးပြီလေ ဘယ်နှခါထပ်ပေးမှ ကျေနပ်မှာလဲ....."

"ငါပေးချင်တာလေကွာ မင်းကဒီတိုင်းငြိမ်ငြိမ်လေးအပေးခံလေ.....နော်"

"ညနေကျ ကျွန်တော်မျိုးမှာ photo shooting သွားစရာရှိပါသေးတယ်သခင်လေးခ‌ဗျ 
ခင်ဗျားလေးကိုအလိုလိုက်မိရင် အလုပ်ပျက်ရလိမ့်မယ်ခင်ဗျ
ခင်ဗျားလေးရဲ့အကြံအစည်ကို သိသိရက်နဲ့ခွင့်ပြုပေးရအောင် ကျွန်တော်မျိုးကအဲ့လောက်တုံးအတဲ့ရုပ်ပေါက်နေပါသလားခင်ဗျ"

"အာ......နမ်းရုံပဲနမ်းမှာပါကွာ အတည်ပါ"

"မယုံဘူး.....ကဲဖယ်ပါ ဒီမှာရေတွေစင်ကုန်ပြီ တီရှပ်ပြန်သွားလဲလိုက်အုံးမယ်"

ခါးကလက်ကို ဆွဲဖြုတ်ပြီးထမင်းစားခန်းကထွက်လာတော့ ရထားတွဲလိုနောက်ကနေ တတန်းတန်းပါလာပြန်လေသည်......

အော်.....ဒီဟာလေးနဲ့တော့ခက်ပြီ......
Fourth ဆိုဖာပေါ်ထိုင်ချလိုက်တော့ Fourth ရဲ့မျက်နှာချင်းဆိုင်ကြမ်းပြင်ပေါ်မှာ ငုတ်တုတ်ထိုင်ကာဂျစ်တိုက်တော့သည်.....ထုချင်စရာလေး

"morning kiss လက်ခံပါ.... Please 🥺"

".........."

"Baby...... Please"

"........."

"ဒီလိုပဲပစ်ထားတော့မှာလား ငါ လွမ်းနေတာကိုလေ"

You've reached the end of published parts.

⏰ Last updated: Feb 02 ⏰

Add this story to your Library to get notified about new parts!

memoriesWhere stories live. Discover now