10

490 75 35
                                    

"ဘာလာလုပ်တာလဲ"

".............."

ပြတ်ထွက်လုနီးပါးတင်းမာနေတဲ့ မျက်နှာပေး၊ကြွတ်ဆတ်မာကျောတဲ့အသံနဲ့မေးလာတဲ့ Phi Phuwin ရဲ့မေးခွန်းကိုတုန့်ပြန်ဖို့ Gem ဘက်မှာအဖြေဟာအဆင်သင့်ရှိမနေပေ......

မထီမထင်မျက်ဝန်းတွေကိုရင်ဆိုင်နိုင်စွမ်းမဲ့စွာခေါင်းငုံ့ချလိုက်တော့ လှောင်ရယ်သံဖွဖွဟာတိုးတိုးလေးထွက်ကျလာသည်.......
စင်အောက်ကလူဖြစ်နေခဲ့ပြီမို့ Gem မှာတုန့်ပြန်စရာအခွင့်အရေးမရှိပါ.....

"ဖြေလေ မင်းဒီကိုဘာလာလုပ်တာလဲဆိုတာ"

Phi ရဲ့ရည်းစားလေးကိုကျွန်တော်လွမ်းလွန်းလို့ လာချောင်းကြည့်တာပါလို့ဖြေရမှာလား......
ဒါဆိုရင်တော့ Gem အထိုးခံရမှာအသေအချာပင်......

"ငါတို့ကလေးကိုစိတ်ရောလူရော နလန်မထူနိုင်အောင်နှိပ်စက်ရုံနဲ့အားမရသေးဘူးလား Gemini
ဘာများထပ်လုပ်ချင်သေးလို့အခုလိုရောက်လာရတာ‌လဲ"

Fourth အပေါ်အပြည့်အဝဂရုမစိုက်ပေးနိုင်ခဲ့တာမှန်ပေမယ့် ဒီလောက်အထိစွပ်စွဲတာကြီးကတော့လွန်ပြီထင်သည်......

ကိုယ်မမှားရင်နဲနဲလေးမှသေးသေးတင်မခံတတ်တဲ့အကျင့်ကြောင့် Gem ခေါင်းငုံ့ထားရာကနေ Phi Phuwin နဲ့မျက်နှာချင်းဆိုင်လိုက်တော့သည်.....

ကြည့်မရတဲ့ဓာတ်ခံရှိသူချင်းမို့ မပျော့ပြောင်းတဲ့ Gem မျက်ဝန်းတွေနဲ့ မာထန်တဲ့ Phi Phuwin ရဲ့အကြည့်တွေကြားမှလေထုဟာတဖြေးဖြေးအေးစက်တင်းမာစပြုလာပြီဖြစ်သည်........

"ကျွန်‌တော့်ဘက်က Fourth ကိုဂရုမစိုက်ခဲ့မိတာတွေရှိတာမှန်ပါတယ်
အဲ့အတွက်လည်းကျွန်တော်အရမ်းနောင်တရပါတယ်
ဒါပေမယ့် Fourth ကိုစိတ်ရောကိုယ်ရောထိခိုက်နာကျင်ရအောင်တစ်ခါမှမနှိပ်စက်ဖူးဘူး
Phi ကျွန်တော့်ကို အခုလိုလာမစွပ်စွဲပါနဲ့"

"ဘာ"

စကားအဆုံးမှာ Gem ရဲ့ရှပ်အင်္ကျီရင်ကော်လံစကိုတင်းခနဲစောင့်ဆွဲခံလိုက်ရတာကြောင့်လူတစ်ကိုလုံး Phi Phuwin ဘက်ကိုအရှိန်နဲ့ပြေးကပ်သွားရကာ နှာခေါင်းဖျားချင်းထိလုမတက်နီးစပ်သွားရလေတော့သည်.......

memoriesWhere stories live. Discover now