6

640 79 29
                                    

"ကိုကို့ ကိုများများဆူပေးပါ Grandma ရယ်....
သူ့ကို Cappy ရော Mommy ရောတကယ်ပြောလို့မနိုင်တော့ဘူး......
အစားလည်းသေချာမစားဘူး......
တစ်ချိန်လုံးကော်ဖီပဲသောက်နေတာ....
ပြီးတော့ နေမကောင်းဖြစ်နေတာကို ဘယ်သူစီမှဖုန်းမဆက်ဘူးတော်.....
ဆေးခန်းလည်းမသွားပဲနဲ့အခန်းထဲလှိမ့်ပိန့်နေတယ်......
တော်သေးတယ် မမ ကသိပြီးလှမ်းပြောလို့ပေါ့.....
အဲတော့မှ Cappy ကသူ့မန်နေဂျာကိုဖုန်းဆက်ပြီး ဆေးခန်းလိုက်ပို့ပေးဖို့လှမ်းပြောလို့ ဆေးခန်းရောက်တာ.....
ပေတာလည်းမပြောနဲ့တော့ Grandma ရေ....
အသက်သာ တဖြေးဖြေးသုံးဆယ်နားကပ်လာတယ် ကိုယ့်ကိုယ်ကို အခုထိဂရုမစိုက်တတ်သေးဘူး.....
အဲ့ဒါကြောင့် Daddy ကသူ့သားအကြောင်းသူသိလို့ Cappy ကိုအတင်းအခေါ်ခိုင်းလွှတ်လိုက်တာနေမှာ........."

"ဟုတ်လား Gem တစ်ယောက်တော်တော်ဆိုးနေတာပဲ......
Grandma သူနဲ့ဖုန်းပြောမယ် သူ့ကိုဖုန်းပေးလိုက် ဘေဘီ"

"ဘယ်ပြေးမလို့လဲအဲ့ဒါ လာ ဒီမှာ Grandma က ကိုကိုနဲ့စကားပြောမလို့တဲ့"

Mommy ထည့်ပေးလိုက်တဲ့ အစားအသောက်တွေ သေချာပြန်နွှေးပေးနေတဲ့ Cappy က ထမင်းစာခန်းကတိတ်တိတ်လေးထွက်ပြေးဖို့ပြင်နေတဲ့ Gem ကို ကျက်သွားပြီဖြစ်တဲ့ဟင်းတွေပန်းကန်ထဲပြောင်းထည့်ရင်း သူခိုးဖမ်းသလိုလှမ်းအော်လာသည်.......

အဆူမခံချင်လို့ ထွက်ပြေးပါ့မယ်ဆိုကာမှဒီကလေးမနှယ် မျက်စိကလည်းလျှင်ချက်......

"ရော့ဖုန်းယူ....... Cappy ကိုတီရှပ်တစ်ထည်လောက်ငှားအုံး ဟင်းနံ့တွေစွဲကုန်ပြီ အင်္ကျီလဲချင်လို့"

Gem ဘာမှပြန်မပြောရသေးခင်မှာပဲ မရွှေချောလေးက အစ်ကို့လက်ထဲဖုန်းထိုးပေးပြီး Gem အိပ်ခန်းရှိရာ ကော့ကော့ ကော့ကော့နဲ့ထွက်သွားလေပြီ.....

မတက်နိုင်တဲ့အဆုံး Gem ဖုန်းကိုလက်လွှဲယူလိုက်ရင်း တစ်ဖက်မှာ ‌မျက်စောင်းတစ်ဝက်နဲ့ကြည့်နေတဲ့ ဘွားအေးဖြစ်သူကိုသာ မျက်နှာချိုသွေးတဲ့အနေနဲ့ ပြုံးပြလိုက်တော့သည်......

"ဆိုးချင်တိုင်းဆိုးပြီးမှ လာပြုံးပြမနေနဲ့ အိမ်ပြေးလေး......
အီတလီကိုခဏတဖြုတ်လေးများပြန်လာပါတော့လား အချစ်ကလေးရယ်
Grandma ဖြင့် ကိုယ့်မြေးဦးလေးကိုယ် သိပ်လွမ်းတာပဲ
ဒီအဖွားကြီးစီ ခဏလေးများပြန်လာလှည့်ပါအုံးလား
မသေခင်လေး တစ်ခါလောက်ဖက်ထားချင်လို့ပါ
Daddy လည်း သားလေးကိုလွမ်းနေရှာတာ"

memoriesWhere stories live. Discover now