3

456 66 27
                                    

Gem အခန်းပြန်ရောက်ရောက်ချင်း ဂစ်ဝာာကို stand မှာသွားချိတ်လိုက်ပြီး လက်ထဲကိုင်ထားတဲ့ဖုန်းနဲ့ကားသော့ကိုစားပွဲပေါ်ပစ်တင်ကာ ဆိုဖာပေါ်ခြေပစ်လက်ပစ်ထိုင်ချပစ်လိုက်တော့သည်မှာအရုပ်ကျိုးပျက်သလို….…..

မနက်စာစားပြီးကတည်းက sound check လုပ် ၊outfit လဲ ၊မိတ်ကပ်ပြင် ၊ ခဏနား၊ concert အချိန်ကျလာတော့စင်ပေါ်တက်......
ထုံးစံအတိုင်းကိုယ်ဖျော်ဖြေရမယ့်အလှည့်မှာ အသေအကြေခုန်ပေါက်ပြီးဖျော်ဖြေ..…..

သူများဖျော်ဖြေတဲ့အလှည့်ကျတော့လည်း အငြိမ်မနေတတ်တဲ့ဗီဇလေးကရှိတော့ မထိန်းနိုင်မသိမ်းနိုင်ခုန်ပေါက်ပြီးကဲ......
နောက်ဆုံးပွဲပြီးတဲ့အချိန် မိတ်ကပ်ဖျက်ပြီးအိမ်ပြန်လာတော့ ညဆယ်တစ်နာရီ......

ရှိသမျှ energy လည်းကုန်ပြီ.....
လည်ချောင်းတွေလဲ စပ်ဖျင်းနေရောပဲ...
လူလည်းလက်ညိုးတောင်ဖြောင့်အောင်မထောင်နိုင်တော့ပေ......

ရေမိုးချိုး၊ Fourth ပြင်ပေးထားမယ့်ညစာလေးစားပြီး အိပ်တော့မည်.....
ဒီနေ့အရမ်းပင်ပန်းသည်....

"Amore......Amo.....oppos"

ခေါ်နေကျအတိုင်း အကျင့်ပါစွာအော်ခေါ်လိုက်ပြီးမှပါးစပ်ကိုအမြန် brake အုပ်လိုက်ရ၏......
အဲ့လိုခေါ်လို့ဘယ်ရတော့မလဲ.......
ဒီနေ့မနက်မှာတင် Gem တို့နှစ်ဦးသဘောတူလမ်းခွဲပြီးခဲ့ကြပြီပဲ......

Fourth ဟာ Gem ရဲ့ Amore မှမဟုတ်တော့တာလေ.......
Gem ခေါ်ချင်သလိုတွေလျှောက်ခေါ်လိုဘယ်ဖြစ်တော့မလဲ........

ဒီလိုတွေးမိတေ့ာလဲ ရင်ဘက်ထဲတစ်ခုခုဟာသွားသလိုလို.......

သက်တမ်းတစ်ခုအထိကြာခဲ့တဲ့ ပတ်သတ်မှုဆိုတော့ရုတ်တရက်ကြီးရပ်စဲလိုက်တဲ့အခါ သက်ရောက်မှုနဲနဲတော့ရှိမှာပေါ့.....

ဘာပဲဖြစ်ဖြစ် Gem အနေအထိုင်နဲနဲဆင်ခြင်မှအဆင်ပြေမယ်ထင်သည်......
မဟုတ်ရင် ကိုယ်ကစ လမ်းခွဲစကားပြောပြီးမှ Fourth ကိုအားနာစရာ.....

"Fourth...... Fourth........"

"......…...."

"အိပ်သွားပြီလား"

တုန့်ပြန်သံမကြားရတာမို့ တစ်ကိုယ်ထဲခပ်တိုးတိုးလေးရေရွတ်မိတော့တသည်......

memoriesजहाँ कहानियाँ रहती हैं। अभी खोजें