သူချစ်ရတဲ့သူကိုဒဏ်ရာမပေးချင်ပါ။ သူအမြန်ဆုံးနည်းနဲ့သက်သာမှသာ သူချစ်ရတဲ့သူအနားကိုပြန်သွားနိုင်မည်မဟုတ်လား။ တဖြေးဖြေးချင်းကြိုးစားကာ စကားပြောနိုင်လာသည့် သူ့ကိုယ်သူလဲကျေးဇူးတင်မိသည်။

တို့မင်းကိုတို့ရဲ့ကျရှုံးနေတဲ့ပုံကိုမမြင်စေချင်ဘူးအချစ်ရယ်။ တို့ပြိုလဲနေတဲ့ပုံကိုမြင်ရင် ​အချစ်ဘက်ကတုံ့ပြန်လာမဲ့တုံ့ပြန်ချက်တွေကိုကြောက်မိလို့ထွက်ပြေးသွားတယ်ထင်ရင်လဲထင်ပါ။ တို့မင်းကိုမမုန်းပါဘူး။ မုန်းသွားလို့ထွက်ပြေးခဲ့တာမဟုတ်ပါဘူး။ တို့ကိုယ်တို့ယူကြုံးမရဖြစ်ခဲ့ရလို့ပါ။ တို့ကိုယ်တို့တောင်မကာကွယ်နိုင်တဲ့သူက အချစ်ကိုကာကွယ်ပေးဖို့လုပ်ခဲ့တာတဲ့လေ။ ရီဖို့ကောင်းလိုက်တာအချစ်ရယ်။ တို့ကိုယ်တို့သန်မာနေပြီထင်ခဲ့တာ။ အခုတော့ ပျော့ညံ့တဲ့လူစားဖြစ်နေခဲ့ရတာအချစ်ရယ်။ တောင်းပန်ပါတယ် အသန်မာဆုံးလူအနေနဲ့ပြန်လာမှာမို့ စောင့်နေပေးဖို့ပဲမျော်လင့်ပါတယ်။

Conference ပြီးသည်နှင့် ရန်ကုန်ကိုပြန်လာသည့်နေ့၌ပင် ကွန်ဒိုကိုတန်းသွားခဲ့ပေမဲ့ တွေ့ချင်သည့်သူကရှိမနေခဲ့။ ကြိုဆိုနေသည်က မှောင်မဲနေ့သည့်အခန်း နေရာတိုင်းမှာပြန့်ကျဲနေသည့်ဘီယာဗူးခွံများစွာ။ သောက်လက်စဆေးလိပ်နှင့် သောက်ပြီးသားဆေးလိပ်အမှိုက်များသာ။ နိုဝယ်ပြောထားသည်က သူလဲ သူ့ဒယ်ဒီကြီးကပြန်လာခိုင်း၍သွားရသည်ဆိုလား။ ဒါကြောင့်ပင် ပြန့်ကျဲပေပွဲနေသာ့်အခန်းနှင့်အမှိုက်များကိုရှင်းလင်းပြီးနောက် ခရီးပန်းလာ၍အိပ်ပျော်သွားခဲ့ရသည်။ နိုးလာပြီးမှသာ ရေချိုးသန့်စင်ကာ မိဘများနှင့်သွားတွေ့မည်ဟူ၍။

ထို့နောက် အကြိမ်ကြိမ်နားခိုဖူးသည့် နိုဝယ့်အငွေ့အသက်များပြည့်နေသည့်ခုတင်ပေါ်၌သာအိပ်စက်အနားယူလိုက်ပါသည်။ အိပ်မတ်ထဲ၌တော့ သူနှင့်နိုဝယ်ရဲ့ပျော်ရွင်ဖွယ်အမှတ်တရများသာသတိတရနှင့်။အိပ်မတ်ထဲ၌တော့ သူနှင့်နိုဝယ်ရဲ့ပျော်ရွင်ဖွယ်အမှတ်တရများသာသတိတရနှင့်။

ပင်ပန်းသည့်အတွက်တန်းကာအိပ်ပျော်သွားပြီး ပြန်နိုးလာမှသာ ရေချိုးပြီးနောက် မိဘများရှိသောအိမ်ကိုပြန်ရလေသည်။ မိဘအိမ်ကိုပြန်ရောက်ပြီဆိုသည့်အသိနှင့်ပင်သူ့အတွက်က နောက်ကျောလုံသည်။ တစ်ချိန်ချိန်မှာတော့သူကြုံတွေခဲ့ရတဲ့အဖြစ်အပျက်များကိုမိဘများထံ ဖွင့်အံပြဖို့ကြိုးစားမှာပါ။

ဒဏ္ဏာရီ - θρύλος (completed-9)Tahanan ng mga kuwento. Tumuklas ngayon